
ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်တစ်ခုလုံး ရခိုင်ပြည်သူ့ လက်ထဲရောက်ရှိရေး ရည်မှန်းချက် ကိုအကောင်အထည် ဖော်လျက်ရှိပြီး ရခိုင်လူငယ်များ ဒေသပြင်ပသို့ ထွက်ခွာခွင့်ကို တားမြစ် လိုက်ကြောင်း သိရသည်။
လူငယ် လူရွယ်အများစုသည် AA ပြဋ္ဌာန်းလိုက်သည့် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဋ္ဌာန်းချက်အပေါ် နားလည်မှုလွဲပြီး တိုင်းပြည်တာဝန်ထမ်းဆောင်မှုကို ရှောင်လွဲရန်ကြိုးစား လာသည့်အတွက် ရခိုင်ပြည်နယ်ပြင်ပကို ထွက်ခွာရန်ကြိုးစားနေမှုအား တားမြစ်လိုက်ကြောင်း AA က ယမန်နေ့ မေ ၂၂ ရက်တွင် ထုတ်ပြန်သည်။
နေရပ်စွန့်ခွာပြီး စစ်မှုထမ်းရန်အကျုံးဝင်ကာ စစ်မှုမထမ်းလို၍ ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ရန် ကြိုးစားနေသူများကို တည်ငြိမ်သည့်စစ်ရေးအခြေအနေရောက်လာသည်အထိ တားမြစ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
ပြင်းထန်ရောဂါရှိသည့် လူနာများမှလွဲ၍ ကျန်သည့် အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၅ နှစ်ထိ၊ အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ်အထိ အကျုံးဝင်သူများကို အရေးပေါ်ကာလ ပြီးဆုံးသည်အထိ တားမြစ်လိုက်ကြောင်း သိရသည်။
ထို့ပြင် နေရပ်စွန့်ခွာလိုသူများကို ကုန်းလမ်း၊ ရေလမ်းမှ အခကြေးငွေယူ၍ သယ်ယူပို့ဆောင်သူ များကိုလည်း တားမြစ်လိုက်ပြီး တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေး ယူခြင်းခံရမည်ဟု ဆိုသည်။
ထို့အပြင် အခြေခံစားသောက်ကုန် ရောင်းဝယ်လိုသူများ၊ နွားကုန်သည်များအနေနှင့်လည်း အခကြေး ငွေယူ၍ လူပိုတင်ဆောင်ခြင်းမပြုရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ယခုကဲ့သို့ထုတ်ပြန်ရခြင်းမှာ စစ်ကောင်စီထိန်းချုပ်နယ်မြေများတွင် စစ်မှုထမ်းအဖြစ် ပေါ်တာ အဆွဲမခံရရေး ကျားဖြန့်ဂိုဏ်းနှင့် ရခိုင်ရိုးမစစ်ပွဲများအတွင်း မပိတ်မိနေရေး မြေမြုပ်မိုင်းအန္တရာယ်များမှ ကင်းဝေးရေးတို့အတွက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆိုထားသည်။
ဓာတ်ပုံ-AA Info Desk
#ရခိုင်ပြင်ပ #လူငယ်များ #ထွက်ခွာခြင်းမပြု #AA #တားမြစ် #Ayeyarwaddy_Times