
ဧရာဝတိုင်းမ်
(ရေဖြူ) ၊မေ ၂၃ ရက်
တနင်္သာရီ တိုင်း ၊ မြိတ်မြို့ မှ တနင်္သာရီ ဘက်သို့တက်လာသော ရိက္ခာနှင့် စစ်ကောင်စီတပ်သားများ ပါလာသည့် ယာဥ်တန်းကို တနင်္သာရီ -ပကဖ ဇုန် (၃) ကတိုက်ခိုက်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မြိတ် မှ တနင်္သာရီ ဘက်သို့တက်လာသော စစ်ကောင်စီတပ်သားများနှင့်ရိက္ခာများ တင်ဆောင်လာသော စစ်ကောင်စီကား သုံး စီးပါ ယာဥ်တန်းကို ယမန်နေ့ မေလ ၂၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ရမ်းဖို ရွာနားအရောက်တွင် တနင်္သာရီ -ပကဖ ဇုန် ၃ အဖွဲ့ မှတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က သတင်းကြိုရထားတာပါ။ ပြောက်ကျားတိုက်ခိုက်ခဲ့တာပေါ့။ပစ်ခတ်မှု က ၁၀ မိနစ်လောက်ပဲကြာတယ်။ စစ်ကောင်စီ ဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိသည်”ဟု တနင်္သာရီ မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ -ပကဖတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် မေလ ၂၁ ရက် နေ့လယ် ၁၂ နာရီ နှင့် ညနေ ၄ နာ နာရီခန့်ကလည်း အမတ – ၃၀၆ တပ်ရင်း မှ ဘန်းလမွတ်ရွာ သို့ လမ်းကင်းဆင်းလာသော စစ်ကောင်စီတပ်သားများ ကို ဒရုန်းဗုံးသီးချ၍ နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူထံမှ သိရသည်။
“လမ်းကင်းယူဖို့ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တစ်နေ့တည်း ဗုံးသီး သုံးလုံး နဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်။ နေ့လယ် ပိုင်းတစ် ကြိမ် နဲ့ ညနေပိုင်း တစ်ကြိမ်ပါ။ မျက်စိရှေ့မှာ တပ်ကြပ်ကြီးတစ်ဦး နေရာမှာတင် ဗုံးထိမှန်သေဆုံးသွားတယ်”ဟု တနင်္သာရီ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။
ယင်းတိုက်ခိုက် မှုအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီ ပကဖ ဇုန် (၅ )အဖွဲ့ မှပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ-တနင်္သာရီ-ပကဖ ဇုန် (၅)
#တနင်္သာရီ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #၂ကြိမ်တိုက်ခိုက်ခံရ #တပ်ကြပ်ကြီးသေဆုံး #Ayeyarwaddy_Times