ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်

လာမယ့်အပတ်မှာပြုလုပ်မယ့် နှစ်ရက်ကြာ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာပဋိပက္ခ၊ တောင်တရုတ်ပင်လယ်တွင်း ရေကြောင်းအငြင်းပွားမှုနဲ့ အမေရိကန်ရဲ့ စည်းကြပ်ခွန်တိုးမြှင့်မှုတွေကို အ ဓိက ဆွေးနွေးမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

မလေးရှားနိုင်ငံမှာပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးအတွင်း တရုတ်ဝန်ကြီးချုပ် လီကျင်း၊ ဘာ ရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဘီးယား၊ ယူအေအီးမှ ခေါင်းဆောင်တွေနဲ့ သီးခြား ဆွေး နွေးမှုတွေ ပါဝင်မယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအပေါ် မှီခိုရတဲ့ အာဆီယံတိုင်းပြည်အများစုဟာ အမေရိကန်ရဲ့ စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းမှ ၄၉ ရာခိုင်နှုန်းအထိ တိုးမြှင့်မှုဒဏ် ခံခဲ့ရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စည်းကြပ်ခွန်းတိုးမြှင့်တာကို ရက် ၉၀ ဆိုင်းငံ့ကြောင်း ပြီး ခဲ့တဲ့လအတွင်း ကြေညာခဲ့ရာ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က အမေရိကန်နဲ့ ကုန် သွယ်မှု စေ့စပ်ညှိနှိုင်းမှုတွေ မြန်ဆန်စွာ စတင်ခဲ့ပါတယ်။

အာဆီယံအဖွဲ့က အမေရိကန်နဲ့တရုတ် အင်အားကြီးတိုင်းပြည်နှစ်ခုစလုံးနဲ့ ထိတွေ့ဆက်ဆံတာ ကြောင့် နှစ်နိုင်ငံကြားပြိုင်ဆိုင်မှုက အာဆီယံအဖွဲ့ကို ခွာပြဲမှုမဖြစ်စေဘူးလို့ အန်ဝါအီဘရာဟင်က ပြော ပါတယ်။

အန်ဝါဟာ ပြီးခဲ့တဲ့လအတွင်း ဗန်ကောက်မြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အတိုက်အခံ NUG နဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

စစ်တပ်ထိန်းချုပ်မှုအောက်ရှိ ဒေသများသို့ အကူအညီပေးပို့ခွင့်မပြုဘူးလို့ အတိုက်အခံတွေက ပြောဆိုပြီး စစ်တပ်ဟာ အပစ်အခတ်ရပ်စဲရေးကို ဒါဇင်ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ပြီး ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ကိုးကား – AP
Ref; US tariff hikes, Myanmar war and sea disputes will top ASEAN summit agenda

#Ayeyarwaddy_Times