
ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်
အမေရိကန်နိုင်ငံရဲ့မြို့တော် ဝါရှင်တန်ဒီစီမှာ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဉီး ပစ်ခတ်ခံခဲ့ရပြီး အ သက် ၃၀ ရှိ သံသယရှိသူကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ယမန်နေ့ညပိုင်းက Capital Jewish ပြတိုက်အနီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သံသယရှိသူ ဟာ ပစ်ခတ်ပြီးနောက် ပြတိုက်ထဲသို့ဝင်ရောက်ချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အွန်လိုင်းမှာ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရေးသားခဲ့ပြီး သတ်ဖြတ်မှုဟာ အစွန်းရောက်ဝါဒကို အခြေခံကြောင်း၊ အမေရိကန်နိုင်ငံမှာ အမုန်းတရားနဲ့ အစွန်း ရောက်ဝါဒအတွက် နေရာမရှိဘူးလို့ ပြောပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်မှာ ပစ်သတ်ခံခဲ့ရတဲ့ သံရုံးဝန်ထမ်းနှစ်ဉီးဟာ စေ့စပ်ထားတဲ့ လူငယ်အတွဲ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ရေချယ်လီတာက ပြောပါတယ်။
လူငယ်အမျိုးသားက စေ့စပ်လက်စွပ်တစ်ကွင်း ဝယ်ယူခဲ့ကာ နောက်အပတ်အတွင်း ဂျေရုဆလင် မြို့တော်မှာ ချစ်သူအမျိုးသမီးကို ချစ်ရေးဆိုဖို့ စီစဉ်ထားတာလို့ ၎င်းက ဆက်ပြောပါတယ်။
ဖြစ်စဉ်အပြီးမှာ ၎င်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောဆိုခဲ့ပြီး နှစ်နိုင်ငံပြည်သူ တွေက အခက်အခဲတွေကိုကျော်ဖြတ်ဖို့ အတူရပ်တည်မယ်လို့ ဆိုပါတယ်။
အစ္စရေးသံရုံးက ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် လူမှုကွန်ရက်မှာ အဆိုပါစုံတွဲရဲ့ ဓာတ် ပုံတစ်ပုံကို တင်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Two Israeli embassy staffers killed in Washington
#Ayeyarwaddy_Times