ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်

မြန်မာစစ်ကောင်စီခေါင်းဆောင်၊ အရေးပါတဲ့ပြိုင်ဘက်တွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုဟာ ရလဒ်ထွက်ခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

“ကျွန်တော်တို့ သီးခြားစီ ထိတွေ့ဆက်ဆံမှု ပြုလုပ်ပေမယ့် စစ်ကောင်စီနဲ့ အတိုက်အခံတွေ တွေ့ ဆုံဆွေးနွေးဖို့ အချိန်ကျပြီလို့ ထင်ပါတယ်။ ကျွန်တော်ဆိုလိုတာက မြန်မာပြည်သူတွေဟာ သူတို့ဘာသာ ဆုံးဖြတ်ရပါမယ်” လို့ ၎င်းက မေလ ၂၁ ရက်မှာ ပူထရာဂျာရာမြို့တော်၌ သတင်းထောက်တွေကို ပြောပါ တယ်။

သတ်မှတ်ချက်ခြောက်ရပ်ကို သဘောတူရင် စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဉီးနေဘုန်းလတ်က ပြောပါတယ်။

သတ်မှတ်ချက်ခြောက်ရပ်ထဲမှာ စစ်တပ်က နိုင်ငံရေးမှာ မပါဝင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အရ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ဖွဲ့စည်းရေးနဲ့ အသွင်ကူးပြောင်းရေး တရားမျှတမှုမူဘောင် တစ်ရပ် ဖန်တီးရေးတို့ ပါဝင်ပါတယ်။

“မြန်မာစစ်တပ်က လက်ခံမယ်ဆိုရင် အာဏာသိမ်းမှု ဖျက်သိမ်းတာနဲ့ ငြိမ်းချမ်းသော အာဏာလွှဲ ပြောင်းမှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ စစ်တပ်အာဏာပိုင်တွေနဲ့ ဆွေးနွေးပါမယ်” လို့ ဉီးနေဘုန်းလတ် က ပြောပါတယ်။

လွတ်လပ်ရေးအလွန်ကာလကတည်းက တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ မြန်မာစစ်တပ်က အဆိုပါ သတ်မှတ်ချက်တွေကို လက်ခံဖွယ်မရှိပေ။

အန်ဝါအီဘရာဟင်ရဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ကို မြန်မာစစ်ကောင်စီက ပထမဆုံးအကြိမ် အဖြစ် လိုလိုလားလား လက်ခံပုံပေါ်ပါတယ်။

မလေးရှား တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အချို့နဲ့ ထိတွေ့မှု စတင်ခဲ့ တယ်လို့ သံတမန်သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ကိုးကား – Reuters
Ref; Time ripe for talks between Myanmar junta and ousted government: Malaysia PM Anwar

#Ayeyarwaddy_Times