
ဧရာ၀တီတိုင်းမ်
(တောင်ငူ) မေ ၂၂ ရက်
တောင်ငူမြို့ အနောက်ဘက် အမြန်လမ်း မိုင်တိုင် ၁၄၇ အနောက်ဘက် ကပ်လျက်တွင် ပြီးခဲ့သည် ရက်ပိုင်းမှစတင်ကာ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေ၍ အဆိုပါ အနီးတစ်ဝိုက်ရှိ ဒေသခံများမှာ တောပု ၊ ကြက်ရိုးပင် ၊ ဇီးပင်သာ စသည့်ကျေးရွာများသို့ တိုက်ပွဲရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
နှစ်ဖက်တိုက်ပွဲများသည် ယမန်နေ့ မေ ၂၂၁ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး တောင်ငူမြို့ရှိ ပရဟိတ အသင်းများမှ ကျန်ရှိနေသည့်ဒေသခံများကို ဘေးလွတ်ရာသို့ ကယ်ထုတ် ပြောင်းရွေ့ပေးနေရကြောင်းသိရသည်။
” တိုက်ပွဲက ဒီနေ့အထိ ဆက်လက်ဖြစ်ပွားနေတာ။ မနေ့က လက်ကျန် တိုက်ပွဲရှောင် ၄၀ ဦးကို ကယ်ထုတ်ပြီး ပြရောင်ခြည် ဘုန်းကြီးကျောင်းကို ခေတ္တ ပို့ဆောင်ပေးထားပါတယ်”ဟု တောင်ငူမြို့ခံ ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ငုံးမင်းရွာ ၊ စပါးကြွယ်ရွာ စသည့်ကျေးရွာများတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး အဓိက ဖြစ်ပွားနေသည့် ဓာတ်အားပေးစက်တွင် အပြန်အလှန်ပစ်ခတ်မှုများရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများနေကြောင်း သိရသည်။
တော်လှန်ရေးအင်အားစုများသည် ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှစတင်ကာ တောင်ငူမြို့ အရှေ့ဘက် တောင်ငူ -သံတောင် ၊ တောင်ငူ-လိပ်သိုလ် လမ်းများကို ဖြတ်သန်းသွားလာခွင့် ယနေ့အထိ ပိတ်ထားကြောင်း သိရသည်။
တောင်ငူမြို့သည် တောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်(တပခ) အခြေစိုက်ရာမြို့ဖြစ်ပြီး တောင်ငူလေတပ် စခန်းဌာနချုပ်တည်ရှိရာ မြို့တစ်မြို့လည်းဖြစ်သည်။
ပုံစာ-တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံများအား ပြောင်းရွေ့ပေးနေသည်ကို တွေ့ရစဉ်
#တောင်ငူမြို့အနောက်ဘက် #အမြန်လမ်းဘေး #တိုက်ပွဲဖြစ်ပွား #ဒေသခံများစစ်ရှောင် #Ayeyarwaddy_Times