ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေကို နှိမ်နင်းမှုမူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သမ္မတ ဒေါ် နယ်ထရမ့်အစိုးရဟာ ရွှေ့ပြောင်းအခြေချနှစ်ဉီးထက်မနည်းကို တောင်ဆူဒန်နိုင်ငံသို့ နှင်ထုတ်ခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

မြန်မာနဲ့ ဗီယက်နမ်မှ အမျိုးသားနှစ်ဉီးကို နိုင်ငံရေးအရ မတည်ငြိမ်တဲ့ တောင်ဆူဒန်နိုင်ငံသို့ ပို့ ဆောင်ခဲ့တယ်လို့ နိုင်ငံရေးသတင်းဝဘ်ဆိုဒ်ဖြစ်တဲ့ Politico က အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံခြားသားတွေကို သတိပေးမှုမရှိဘဲ အခြားတိုင်းပြည်တွေသို့ မပို့ဆောင်ဖို့ ဧပြီလအတွင်း မက်ဆာချုးဆတ်ပြည်နယ်ရှိ ဖက်ဒရယ်တရားရုံးက အမေရိကန်အစိုးရကို ညွှန်ကြားခဲ့ပါတယ်။

တောင်ဆူဒန်သို့ နှင်ထုတ်မယ့် ရွှေ့ပြောင်းအခြေချသူတွေကို ထိန်းသိမ်းထားဖို့ တရားသူကြီးက အင်္ဂါနေ့မှာ အမေရိကန်အစိုးရကို ညွှန်ကြားခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားလျက်ရှိရာ တောင်ဆူဒန်နိုင်ငံသို့ အမေရိကန်နိုင်ငံသားတွေ မ သွားရောက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လအတွင်း တိုက်တွန်းခဲ့ပါတယ်။

သမ္မတက ရန်သူ့နိုင်ငံမှ နိုင်ငံသားတွေကို ဖမ်းဆီး သို့မဟုတ် နှင်ထုတ်ခွင့်ရှိတဲ့ “Alien Enemies Act” ခေါ် အက်ဉပဒေကို ဖျက်သိမ်းပြီး ဒေါ်နယ်ထရမ့်အစိုးရက ရွှေ့ပြောင်းအခြေချသူတွေကို နှင်ထုတ်ခဲ့ ပါတယ်။

အမေရိကန်နိုင်ငံမှ နှင်ထုတ်ခံရသူတွေကို အကျဉ်းထောင်တွေမှာ လက်ခံထားဖို့ သဘောတူခဲ့တဲ့ အယ်လ်ဆာဗေဒိုနိုင်ငံသို့ ပို့ဆောင်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Trump administration deported Asian immigrants to South Sudan: US media

#Ayeyarwaddy_Times