
ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်
ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါခေါင်းဆောင်တွေက စစ်ဆင်ရေးတွေ ရပ်တန့်ဖို့ အစ္စရေးကို တောင်း ဆိုနေပေမယ့် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်မှာ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။
အစ္စရေးစစ်တပ်ဟာ အင်္ဂါနေ့က ဂါဇာဒေသရှိ နေရာအသီးသီးမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ နေအိမ်တွေကို ထိမှန်ပြီး အရပ်သား ၆၀ ကျော် သေဆုံးခဲ့ပါတယ်။
ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါတို့က တနင်္လာနေ့မှာ ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အစ္စရေးအစိုးရက တိုက်ခိုက်မှုတွေ ဆက်လုပ်ရင် အစ္စရေးနိုင်ငံနဲ့ အတူမရပ်တည်ဘူးလို့ ပြောပါတယ်။
အဆိုပါသုံးနိုင်ငံက အစ္စရေးအပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေ အပါအဝင် အရေးယူမှု လုပ်ဆောင် မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ရှင်သန်ရေး ခုခံကာကွယ်မှုစစ်ပွဲ အဆုံးသတ်ဖို့ အစ္စရေးကို တောင်းဆိုပြီး ဗြိတိန်၊ ပြင်သစ်နဲ့ က နေဒါတို့က ဟားမာစ်အဖွဲ့ရဲ့ အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုအတွက် ကြီးမားသော ဆုကြေး ချီး မြှင့်နေတယ်လို့ နေတန်ယာဟုက တုံ့ပြန်ခဲ့ပါတယ်။
ဟားမာစ်အဖွဲ့က ကျန်ရှိတဲ့ ဓားစာခံတွေကို လွှတ်ပေးပြီး လက်နက်ချသည်အထိ အစ္စရေးစစ် တပ်က ထိုးစစ်ဆင်မှု ဆက်လုပ်မယ်လို့ ၎င်းက ပြောပါတယ်။
လက်ရှိပဋိပက္ခတွေနဲ့ပတ်သက်လို့ ဂါဇာတောင်ပိုင်းရှိ ခန်းယူနစ်ဒေသခံ ၁၀၀ ခန့်ဟာ တနင်္လာ နေ့က ဆန္ဒပြပွဲတစ်ခု ပြုလုပ်ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ရှုတ်ချပြီး အပစ်အခတ်ရပ်စဲရေးကို သဘော တူဖို့ ဟားမာစ်အဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမာစ်အဖွဲ့က စစ်ပွဲကို ချက်ချင်း ရပ်တန့်ပြီး ကလေးငယ်တွေကို ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးအပ်ဖို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဉီးက ပြောပါတယ်။
ကိုးကား – NHK
Ref; Israel continues attacks in Gaza despite calls to stop from UK, France, Canada
#Ayeyarwaddy_Times