
ဧရာဝတီတိုင်းမ်
မေ၂၁ ရက်
ပြီးခဲ့တဲ့အပတ်က ခန့်မှန်းချေ ဒေါ်လာ ၄၂၈ သန်း တန်ကြေးရှိ တရားမဝင် မူးယစ်ဆေးဝါး ၂ တန် နီးပါးနဲ့အတူ ဆုမားတြားကမ်းလွန်မှာ အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးမိခဲ့တဲ့ ငါးဖမ်းလှေတစ်စင်းဟာ ထိုင်းအလံ လွှင့်ထူထားပေမယ့် ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားခြင်းမရှိဘူးလို့ ထိုင်းပင်လယ်ရေကြောင်း ကွပ်ကဲမှုဗဟိုဌာန (Thai-MECC) က ပြောပါတယ်။
“အောင်တိုးတိုး၉၉” အမည်ရှိ အဆိုပါသင်္ဘောပါဝင်သော မူးယစ်မှောင်ခိုမှုအကြောင်းကို Thai-MECC ရဲ့ ဒါရိုက်တာဖြစ်သူ ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာထံ အကြောင်းကြားခဲ့တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယုဟောင်ဆပ်က ပြောပါတယ်။
အင်ဒိုနီးရှားရေတပ်က မီသာဖက်တမင်းနဲ့ ကိုကင်းတွေ တင်ဆောင်လာတဲ့ အဆိုပါသင်္ဘောကို ရီ အောကျွန်းအနီး ဖမ်းဆီးချိန်မှာ ထိုင်းအလံ လွှင့်ထူထားတယ်လို့ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျီရာ ပူလ်ဝေါင်ဝစ်နဲ့ Thai-MECC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချွန်ပူလ်နောင်ဘွားက ပြောပါတယ်။
အဆိုပါသင်္ဘောဟာ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားပေမယ့် ထိုင်းနိုင်ငံသားတစ်ဉီးက ဉီးဆောင် ကာ မြန်မာနိုင်ငံသားလေးဉီး လိုက်ပါခဲ့တယ်လို့ အင်ဒိုနီးရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလှေ အချက်အလက်တွေထဲမှာ “အောင်တိုးတိုး၉၉” အမည်ရှိတဲ့ ငါးဖမ်းလှေ ကို မတွေ့ရှိနိုင်ဘူးလို့ ဂျီရာယုက ပြောပါတယ်။
ငါးဖမ်းလှေမောင်းနှင်သူကို မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် ရနောင်းမြို့မှာ ကာလရှည် နေထိုင် ခဲ့ပြီး ထိုင်းနဲ့မြန်မာ မှတ်ပုံတင်ကတ်တွေ ကိုင်ဆောင်ထားတယ်လို့ အင်ဒိုနီးရှား စကားပြန်တစ်ဉီးရဲ့ အစီ ရင်ခံစာကိုးကားပြီး ၎င်းက ဆက်ပြောပါတယ်။
ဂျကာတာမြို့တော်ရှိ ထိုင်းသံရုံးဟာ ငါးဖမ်းလှေမောင်းနှင်သူရဲ့ နိုင်ငံသားဖြစ်မှုကို ဖော်ထုတ်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Ship busted with drugs ‘not Thai’
#Ayeyarwaddy_Times