ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

ဂါဇာကမ်းမြောင်ဒေသမှာ အဓိကကျသော မြေပြင်ထိုးစစ်ဆင်မှု စတင်လိုက်ကြောင်း အစ္စရေးစစ် တပ်က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

မြေပြင်တပ်ဖွဲ့တွေ စေလွှတ်နေပြီး ဒါဇင်နဲ့ချီတဲ့ ဟားမာစ်တိုက်ခိုက်ရေးသမားတွေကို ချေမှုန်း သုတ်သင်ကာ ဟားမာစ်အဖွဲ့ရဲ့ စစ်စခန်းတွေကို ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေးလေတပ်ဖွဲ့က ဂါဇာဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ခန်းယူနစ် နဲ့ အခြားဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူ ၁၇ ဉီး သေဆုံးခဲ့ တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေကို ထရပ်ကားတွေနဲ့ ဆေးရုံသို့ ပို့ဆောင်နေပြီး ကလေးငယ်တွေ ဆေးကုသမှု ခံယူနေပုံကို ခန်းယူနစ်ရှိ ဆေးရုံတစ်ရုံမှာ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်က ဖော်ပြပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေ့စဉ် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူ ဉီးရေ တိုးလာနိုင်တယ်လို့ သိရပါတယ်။

ဂါဇာဒေသသို့ စားနပ်ရိက္ခာ အခြေခံပမာဏအထိ သယ်ဆောင်ခွင့်ပြုမယ်လို့ အစ္စရေးအစိုးရက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

အစ္စရေးအစိုးရဟာ မတ်လကတည်းက ဂါဇာဒေသသို့ လူသားချင်းစာနာမှု အကူအညီပေးပို့ခွင့် ပိတ်ပင်ထားလို့ ဂါဇာပြည်သူတွေဟာ ဆိုးရွားသော စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေ ရင်ဆိုင်နေရ ပါတယ်။

အစ္စရေးရဲ့ မြေပြင်စစ်ဆင်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဂါဇာဒေသရှိ ပြည်သူ ၂ သန်းကျော်ထံ စားနပ်ရိက္ခာအကူအညီ ရောက် မရောက် ရှင်းလင်းစွာ မသိရသေးပေ။

ကိုးကား – NHK
Ref; Israeli military announces start of major ground offensive in Gaza

#Ayeyarwaddy_Times