ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုနဲ့ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာတို့ ဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား ပြည်တွင်းစစ်ကြောင့် ဖြစ်ပွားခဲ့တဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မြှင့်တင်ရေးရပ်တည်ချက်ကို ပရာဘိုဝိုက ပေထောင်တန်နဲ့ ပူးတွဲ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

“မြန်မာ့အရေး ငြိမ်းချမ်းသောအဖြေရှာဖို့နဲ့ အဖွဲ့အစည်းအားလုံးကြား တွေ့ဆုံဆွေးနွေးမှု အဆင် ပြေချောမွေ့ရေးမှာ ထိုင်းနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍ အထူးသဖြင့် အိမ်နီးချင်းတိုင်း ပြည်တွေ ပါဝင်မှုကို အင်ဒိုနီးရှားနိုင်ငံက အသိအမှတ်ပြုတယ်” လို့ ပရာဘိုဝိုက တနင်္လာနေ့မှာ ဗန် ကောက်မြို့ရှိ အစိုးရအိမ်တော်မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု အောင်မြင်မှုရစေမယ့် အားလုံးပါဝင်သော တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရေး အင်ဒိုနီးရှားနိုင်ငံက ထောက်ခံတယ်လို့ သူက ဆက်ပြောပါတယ်။
ဘုံသဘောတူညီချက် ရှာဖွေရေးနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးမှာ မလေးရှား နိုင်ငံရဲ့ အာဆီယံဉက္ကဌအဖြစ် ခေါင်းဆောင်မှုကို ထိုင်းနိုင်ငံက အားပေးထောက်ခံတယ်လို့ ပေထောင် တန်က ပြောပါတယ်။

“ကျွန်မတို့ မြန်မာ့အရေးမှာ တူညီတဲ့စိတ်ဝင်စားမှု မျှဝေပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့နဲ့ စစ်ပွဲရပ်တန့်ရေး ဒီနှစ် အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားနိုင်ငံနဲ့ ကျွန်မတို့ လက်တွဲ ဆောင်ရွက်ပါမယ်” လို့ သူက ဆိုပါတယ်။

မလေးရှားနိုင်ငံဟာ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကို မေလ ၂၆ နဲ့ ၂၇ ရက်မှာ ကွာလာလမ်ပူမြို့တော်၌ ကျင်းပသွားမှာဖြစ်ပြီး အာဆီယံနိုင်ငံတွေ တက်ရောက်မယ်လို့ သိရပါတယ်။

ကိုးကား – Antara News
Ref; Indonesia, Thailand discuss humanitarian crisis in Myanmar

#Ayeyarwaddy_Times