
ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
ကမ္ဘာတစ်ဝန်း ပြည်သူ ၂၉၅ သန်းကျော်ဟာ ၂၀၂၄ ခုနှစ်အတွင်း စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ ပြတ် လပ်မှုတွေ ကြုံတွေ့ခဲ့ရသောကြောင့် စံချိန်တင် အရေအတွက် ဖြစ်လာခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ အခြားအ ဖွဲ့အစည်းတွေက ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နဲ့ အခြား နိုင်ငံ တကာအဖွဲ့တွေဟာ ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာအကျပ်အတည်းဆိုင်ရာ အစီရင်ခံစာကို သောကြာနေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။
လူပေါင်း ၂၉၅ သန်းကျော်ဟာ ၂၀၂၄ ခုနှစ်အတွင်း အဆင့် ၅ ဆင့်ရှိ စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ မ ဖူလုံမှုမှာ အဆင့် ၃ ကို ကြုံတွေ့ခဲ့ရပြီး ယခင်နှစ်ကထက် ၁၃ သန်းကျော် တိုးလာခဲ့ကာ ခြောက်နှစ်ဆက် တိုက် တိုးလာခဲ့တာလို့ အစီရင်ခံစာက ဆိုပါတယ်။
လူပေါင်း ၁ ဒသမ ၉၅ သန်းဟာ အမြင့်ဆုံးအဆင့် အငတ်ဘေးကို ကြုံတွေ့ခဲ့ရပြီး ယခင်နှစ်က ထက် နှစ်ဆကျော် တိုးလာခဲ့ကာ ၎င်းတို့အနက် ၉၅ ရာခိုင်နှုန်းဟာ ဂါဇာဒေသနဲ့ ဆူဒန်နိုင်ငံမှဖြစ်ခဲ့တယ် လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
မြန်မာ၊ နိုင်ဂျီးရီးယားနဲ့ အခြားတိုင်းပြည်တွေရဲ့ ပဋိပက္ခတွေ သို့မဟုတ် ဆိုးရွားလာသော လုံခြုံ ရေးအခြေအနေတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတွေလို့ အစီ ရင်ခံစာက ပြောပါတယ်။
စားနပ်ရိက္ခာ အကျပ်အတည်းဟာ အလွန် စိုးရိမ်ဖွယ်ရာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန် တိုနီယိုဂူတာရက်စ်က ပြောပါတယ်။
“စားနပ်ရိက္ခာ မဖူလုံမှုနဲ့ အာဟာရပြတ်လပ်မှုတွေ ဖြစ်နေတာကြောင့် ကျွန်တော်တို့ ဒီပြဿနာ ကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ လူသားချင်းစာနာမှု ရန်ပုံငွေ သိသိသာသာ လျှော့နည်းလာမှုက အ ငတ်ဘေးအကျပ်အတည်းကို ပိုဆိုးစေပါတယ်။ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားမယ့်အလားအလာက အခြေ အနေတွေကို ပိုဆိုးစေပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – NHK
Ref; Report shows 295 million people faced acute food shortages in 2024
#Ayeyarwaddy_Times