ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်

မန္တလေးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင်လဲကျကာ ငလျင်ဘေးကယ်ဆယ်ရေးစခန်းမှ သားဖနှစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ မေ ၁၈ ရက်နေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ် ကွက်၊ ၄၁ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ အဘယာရာမရွှေဂူကျောင်း တိုက်အတွင်း ပြုလုပ်ထားသည့် ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းတွင် လုံးပတ် ၅ ပေခန့်၊ အရှည် ၄၀ ပေခန့်ရှိ ကုက္ကိုလ်ပင်သည် မိုးရွာသွန်းမှုကြောင့်အမြစ်မှ လန်၍လဲကျရာ ယာယီလူနေမိုးကာ တဲပေါ်သို့ ပိမိသွားခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

“သားဖနှစ်ယောက် သစ်ပင်ပိပြီး သေသွားတာ။ ငလျင်မှာ အိမ်ပြိုတဲ့အထဲပါသွားလို့ ကယ်ဆယ်ရေးစခန်းမှာ လာနေနေရတာ။ ညကငလျင်က ထပ်လှုပ်ပြီး မိုးတွေကလည်း ရွာနေတာ။ ကျွန်မတို့သေမယ့်နေ့ကို ထိုင်စောင့်နေရသလိုပါပဲ။ မသေသေအောင်လုပ်နေသလိုပဲ”ဟု မန္တလေးမြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက်ပြီး လဲကျနေသည့် သစ်ပင်ကို ရှင်းလင်းခဲ့ရာ ကလေးငယ်နှင့် အဖေဖြစ်သူတို့၏ အလောင်းကိုကယ်ထုတ်ရရှိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့သည် ပြီးခဲ့သည့် မတ် ၂၈ ရက်က အင်အားပြင်းငလျင်ကြီး လှုပ်ခတ်၍ နေအိမ်တိုက်တာများပြိုကျပျက်စီး ကာ လူသေဆုံးမှုများပြားခဲ့ရသည်။

ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မလုပ်နိုင်သေးဘဲ ပြည်သူများမှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေကြရကာ သေဆုံးအလောင်းများလည်း ဆက် လက်ရှာဖွေနေရဆဲဖြစ်သည်။

ဓာတ်ပုံ- မဏိစလလူမှုကူညီရေး
#မန္တလေး #စိန်ပန်းရပ်ကွက် #မိုးသည်းထန် #သစ်ပင် #လဲကျ #ငလျင်ဘေး #ကယ်ဆယ်ရေးစခန်း #သားအဖနှစ်ဦး #သေဆုံး #Ayeyarwaddy_Times