
ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
စစ်ကောင်စီတပ်စွဲအထိုင်ချထားသည့် ပခုက္ကူမြို့၊ စက်မှုဇုန် ၆ လမ်းဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကြောင်း သိရသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စက်မှုဇုန် ၆ လမ်းရှိ စစ်ကောင်စီဂိတ်ကို မေ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၃၀ မိနစ်နီးပါးကြာမြင့်ခဲ့ပြီး ပျူစောထီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား သုံး ဦးတို့ကို ရှင်းလင်း နိုငိခဲ့ကြောင်း Myingyan Black Tiger (MBT) ထံမှ သိရသည်။
“တိုက်ပွဲကြာချိန် မိနစ် ၃၀ ကြာတယ်။ စခန်းကိုသိမ်း ပိုက်နိုင်တော့မယ့်အခြေအနေမှာ တပ်ကူတွေရောက် လာလို့ ပြန်ဆုတ်ခဲ့ရတာ”ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)အဖွဲ့နှင့် နဂါးမင်း PDF အဖွဲ့၊ တော်လှန်ရေး(ပခုက္ကူ)တပ်တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ- Myingyan Black Tiger
#မကွေး #ပခုက္ကူ #စက်မှုဇုန်၆လမ်း #စစ်ကောင်စီဂိတ်စခန်း #ပျူစောထီး #စစ်ကောင်စီတပ်သား #သေဆုံး #MBT #Ayeyarwaddy_Times