ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

ပြည်တွင်းနိုင်ငံခြားငွေဈေးတည်ငြိမ်မှု ပြည်ပမှဝယ်ယူရသောစက်သုံးဆီဈေးနှုန်းကျဆင်းလျက်ရှိသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းကျဆင်းလျက်ရှိ ကြောင်း ယနေ့ မေ ၁၇ ရက်က စစ်ကောင်စီ အာဘော်သတင်းစာတွင် ဖော်ပြထားသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် တစ်လီတာလျှင် ၇၅ ကျပ်မှ ၁၂၅ ကျပ်ခန့်ကျဆင်းလျက်ရှိပြီး လိုအပ်သလောက်အလွယ်တကူဝယ်ယူရရှိနိုင်သည့်အပြင် ဒေသလိုက်စက်သုံးဆီလိုချက်ပြည့်မီအောင် အချိန်မီပို့ဆောင်ဖြုန့်ဖြူးပေးလျက်ကြောင်း၊ အရန်စက်သုံးဆီ ၂ ပတ်စာခန့်ရှိထားကြောင်း ပါဝင်သည်။

“ စက်သုံးဆီဈေးကျတာက ခဏပဲ။ ခဏကျပြီးရင် ဘယ်လောက်ပြန်တက်အုံးမလဲမသိဘူး။ အခုတော့ အလွယ်တကူ ဝယ်လို့ရသေးတယ်” ဟု ရန်ကုန်မြို့အတွင်းတက္ကစီမောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ငလျင်ဘေးသင့်ရာဒေသများတွင် အအောက်အအုံဖြိုကျခြင်း၊ ပြန်လည်တည်ဆောက်ခြင်း လုပ်များတွင် အသုံးပြုရသည့် စက်ယန္တရားကြီးများအတွက် စက်သုံးဆီပေပါလိုက် အသုံးပြုရသဖြင့် ယခင်ကထက် ဆီသုံးစွဲမှုများနေကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့ရှိစက်သုံးဈေးနှုန်းသည် ပြီးခဲ့သည့် သင်္ကြန်အတွင်းက ၉၂ တစ်လီတာလျှင် ကျပ် ၃၀၅၀ ကျပ်မှ သင်္ကြန်ပြီးနောက် ၂၇၄၀ ကျပ်သို့ကျသွားပြီး ယခုမေလအစတွင် တစ်လီတာ ၂၈၈၅ ကျပ်နှင့် မေလလယ်တွင် ၂၇၅၀ ကျပ်သို့ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

ထို့ပြင် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများအဆက်မပြတ်ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း စစ်ကောင်စီ အာဘော် သတင်းစာတွင်ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆၇ သန်းနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၅၀ ရောင်းချပေး‌မည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ပြည်တွင်းစက်သုံးဆီဈေးကျ #စစ်ကောင်စီထုတ်ပြန် #Ayeyarwaddy_Times