ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တားမြစ်ထားပေမယ့် ရွေးကောက်ပွဲမှာ ထပ်မံ ယှဉ်ပြိုင်ဖို့ စဉ်းစား မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာတာနိုင်ငံမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ကို ပြောပါတယ်။

၂၀၂၈ ခုနှစ်မှာ ရီဗက်ပလီကင် သမ္မတလောင်းအဖြစ် ကြိုးပမ်းမယ့်အကြောင်းကို ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်ရှိ အယ်လ်အူဒိတ် လေတပ်အခြေစိုက်စခန်းမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ကို မိန့်ခွန်းပြောကြားစဉ် အသက် ၇၈ နှစ်အရွယ် ဒေါ်နယ်ထရမ့်က အရိပ်အမြွက်ထည့်ပြောခဲ့တာပါ။

“လူအချို့က ကျွန်တော့်ကို ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲမှာ ထပ်ပြိုင်စေချင်ပါတယ်။ ကျွန်တော် မ သိသေးပါဘူး။ ကျွန်တော် ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲမှာပြိုင်ဖို့ စဉ်းစားရပါမယ်” လို့ သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ဟာ လက်ရှိမှာ ဒုတိယသက်တမ်းရဲ့ ပထမဆုံးသော အရေးပါတဲ့ ပြည်ပခရီးစဉ် သွားရောက်နေပြီး ဆော်ဒီအာရေးဘီးယား၊ ကာတာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုမှာ ရောက်ရှိနေ ပါတယ်။

ခရီးစဉ်မတိုင်မီ ကာတာတော်ဝင်မိသားစုထံမှ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ ဇိမ်ခံဂျက်လေ ယာဉ်တစ်စင်း လက်ခံရရှိမှုကြောင့် ဒေါ်နယ်ထရမ့်ဟာ ဝေဖန်မှုခံခဲ့ရပါတယ်။

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတွေကို ရှစ်နှစ်အထိ သက်တမ်းနှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ပြုဖို့ ကန့်သတ်ထားပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ဘယ်လိုနည်းနဲ့မဆို နည်းလမ်းတစ်ခု ရှာဖွေနိုင်တယ်လို့ ဒေါ်နယ်ထ ရမ့်က ဆိုပြီး အဆိုပါအစီအစဉ်နဲ့ပတ်သက်လို့ နောက်ပြောင်တာမဟုတ်ဖူးလို့ ၎င်းက သတင်းထောက် တွေကို ပြောပါတယ်။

“လူတွေအများကြီးက ကျွန်တော့်ကို ရွေးကောက်ပွဲ ထပ်ပြိုင်စေချင်တယ်။ ကျွန်တော်တို့ လုပ်စ ရာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်တော်က လက်ရှိအစိုးရအဖွဲ့ကို အလေးထားနေပါတယ်” လို့ သူ က ဆိုပါတယ်။

ရွေးကောက်ပွဲမှာ ထပ်မံ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာ “ရွေးကောက်ပွဲ မှာ ထပ်မံ ဝင်ပြိုင်လို့ရမယ့်နည်းလမ်းတွေ ရှိပါတယ်” လို့ ဒေါ်နယ်ထရမ့်က ဖြေကြားခဲ့ပါတယ်။

ကိုးကား – The Independent
Ref; Trump tells US troops in Qatar that he will ‘have to think’ about running in 2028

#Ayeyarwaddy_Times