
ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
မြောက်ကိုရီးယားနိုင်ငံဟာ ဆယ်နှစ်အတွင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် အစင်း ၅၀ အထိ ပိုင် ဆိုင်နိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာတစ်ခုအရ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်သော ပဲ့ထိန်းဒုံးကျည်တွေကို အောင်မြင်စွာ စမ်းသပ်ခဲ့တယ်လို့ အမေရိကန် စစ်ထောက်လှမ်းရေးအဖွဲ့က အင်္ဂါနေ့မှာ ဝါရှင်တန်မြို့ တော်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာက ခန့်မှန်းပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ လက်ရှိ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ၁၀ စင်းအောက်သာရှိပေမယ့် ၂၀၃၅ ခုနှစ်မတိုင်မီ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် အစင်း ၄၀ ကျော် ထုတ်လုပ်နိုင်တယ်လို့ အစီရင်ခံစာ က ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံက အပြည်ပြည်ဆိုင်ရာ လက်နက်မပြန့်ပွားရေး သဘောတူညီချက်ကို ဆက်လက် အာခံနေပြီး မဟာဗျူဟာမြောက် လက်နက်အစီအစဉ် ရှေ့ဆက်လုပ်ဆောင်နေတယ်လို့ အ မေရိကန် မြောက်ပိုင်းစစ်ဌာနချုပ်ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ဂရီဂိုရီဂွီလော့က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ဟွာဆောင် ၁၉ တိုက်ချင်းပစ် ပဲ့ ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ကြိုတင်အချက်ပေးစနစ်တွေကို ရှောင်ကွင်းနိုင်တဲ့ အမေရိကန်နိုင်ငံရှိ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ နျူကလီးယား ထိပ်ဖူးတွေ ထုတ်လုပ်နိုင်တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – KBS World
Ref; US Defense Department: N. Korea Could Have 50 ICBMs by 2035
#Ayeyarwaddy_Times