
ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ စေ့စပ်ညှိနှိုင်းရာမှာ တင်းမာသော ရပ်တည်ချက် ရှိမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပင်လယ်ကွေ့ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဗုဒ္ဓဟူးနေ့က ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရိယဒ်မြို့တော်မှာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
GCC ဆိုတာ ပါရှန်းပင်လယ်ကွေ့ အာရပ်ခြောက်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မဟာမိတ်အဖွဲ့ ဖြစ်ပါတယ်။ အမေရိကန်-ဂျီစီစီ ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆော်လ်မန်ရဲ့ တောင်းဆိုချက်အရ ကျင်းပခဲ့တာဖြစ်ပါတယ်။
သူ့အနေနဲ့ အီရန်နိုင်ငံနဲ့ သဘောတူညီချက်တစ်ရပ် ရလိုပေမယ့် အီရန်နိုင်ငံက အကြမ်းဖက်မှုကို ထောက်ခံတာ ရပ်တန့်ပြီး ကြားခံစစ်ပွဲတွေ ရပ်ဆိုင်းကာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ကြိုးပမ်း နေတာ ရပ်တန့်ရမယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
“အီရန်နိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင်လို့မရပါဘူး” လို့ ၎င်းက ပင်လယ်ကွေ့ခေါင်း ဆောင်တွေကို ပြောပါတယ်။
ကြောက်မတ်ဖွယ်ရာ ပဋိပက္ခ အဆုံးသတ်ရေး ကြိုးပမ်းရာမှာ အပြုသဘောဆောင်သော အခန်း ကဏ္ဍမှ ပါဝင်မှုနဲ့ အမေရိကန်ဓားစာခံတစ်ဉီး လွတ်မြောက်ရေး ကူညီမှုအတွက် ပင်လယ်ကွေ့ခေါင်း ဆောင်တွေကို ကျေးဇူးတင်ရှိတယ်လို့ သူက ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံတွေက အစ္စရေးနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြုလုပ်ဖို့ မျှော်လင့်ပါကြောင်း ၎င်း က ထုတ်ဖော်ပြောခဲ့ပြီး အမေရိကန်နိုင်ငံက ကြားဝင်ဖျန်ဖြေသူအဖြစ် လုပ်ဆောင်ဖို့ ကတိပြုပါတယ်။
ပင်လယ်ကွေ့ခေါင်းဆောင်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး အမေရိကန်နဲ့ အာရပ်တိုင်းပြည်တွေကြား နီးကပ်သော ဆက်ဆံရေးပြုလုပ်ဖို့ တောင်းဆို လိုက်ပါတယ်။
ကိုးကား – NHK
Ref; Trump calls for Gulf states’ cooperation on Iran, Gaza
#Ayeyarwaddy_Times