
ခလရ၂၄ ဒုတပ်ရင်းမှူး ထွက်ပြေးလွတ်မြောက်
ဧရာဝတီတိုင်းမ်
(လှိုင်းဘွဲ့)၊ မေ ၁၅ ရက်
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကရင့်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ အတွင်း စစ်ကောင်စီတပ်စွဲထားသည့် တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းကို မေ ၁၃ ရက်နေ့တွင် စခန်းသိမ်းပိုက်နိုင်ခဲ့ ကြောင်း KNU ကထုတ်ပြန်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်အနီးရှိ တာလယ်ဗျူဟာစခန်းတွင် စစ်ကောင်စီလက်အောက်ခံ ခလရ-၂၄ တပ်ရင်း နှင့် အမြောက်တပ် အမတ−၃၁၁ တပ်ရင်းတို့မှ တပ်ဖွဲ့များအခြေစိုက်ထားပြီး စခန်းသိမ်းတိုက်ပွဲအတွင်း အမြောက် တပ်မှဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ကိုး ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ခလရ−၂၄ တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွား ကြောင်းသိရပြီး ထွက်ပြေး သွားသည့်တပ်ဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးလျက်ရှိကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်သည် တညာကျိုး(ခ)တာလယ် စခန်းကို ၁၉၈၆ ခုနှစ်မှ စတင်ကာ စခန်းချတည်ဆောက် ခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်ရှိ ဒေသများမှ ဒေသခံများမှာ ထိုအချိန်မှစ၍ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာ ရှာဖွေစားသောက်ခွင့်များ ဆုံးရှူံးခဲ့ရကြောင်း KNU က ဆိုထားသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး
ပုံစာ- တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းကို သိမ်းပိုက်ရရှိမှုမြင်ကွင်းများ။
#လှိုင်းဘွဲ့ #တာလယ်စခန်း #စစ်ကောင်စီ #စခန်းသိမ်းပိုက် #KNU #KNLA #Ayeyarwaddy_Times