
ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်
မေ ၆ ရက် မှ မေ ၃၁ ရက်အထိ တတိယအကြိမ် ယာယီအပစ်ရပ်မည်ဟု ကြောညာထားသည့် စစ်ကောင်စီက ရှမ်းမြောက်၊ နောင်ချိုနှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ နယ်တို့ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တအာင်းတပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့ကို ယမန် နေ့ မေ ၁၃ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများကြဲချတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။
နောင်ချိုမြို့နယ်၊ နယ်မြေ ၁၀ ဈေးရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ခုနစ် လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် ယမန်နေ့ မေ ၁၃ ရက် ည ၁၁ နာရီ ၄၉ မိနစ်က မိုးကုတ်မြို့ ရွှေလိပ် ပြာအနီးတစ်ဝိုက်သို့ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှလာရောက်တိုက် ခိုက်သွားကြောင်း TNLA ထံမှ သိရသည်။
ပြီးခဲ့သည့် မေ ၁၂ ရက် ညပိုင်းကလည်း မန်တုံနှင့် မိုင်းငေါ့မြို့တို့ကို ဂျက်ဖိုက်တာဖြင့် လာရောက်ကြဲချတိုက် ခိုက်သည့်အတွက် ပြည်သူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကာ နေအိမ် ၂၇ လုံးပျက်စီးခဲ့သည်။
စစ်ကောင်စီသည် အပစ်ရပ်သက်တမ်းထပ်တိုးသည့်နေ့မှစ၍ နေ့စဉ်စစ်ရေးတင်းမာနေသည့် နယ်မြေနှင့်စစ်ရေးပစ်မှတ်မဟုတ်သည့် နယ်မြေများကို လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းနှင့်လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ-TNLA
#အပစ်ရပ် #ကာလ #ရှမ်းမြောက် #နောင်ချို #မိုးကုတ် #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #Ayeyarwaddy_Times