ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်

သမ္မတစီးတော်လေလေယာဉ် Air Force One အဖြစ် အသုံးပြုမယ့် ကာတာနိုင်ငံမှ ဇိမ်ခံဂျက် လေယာဉ်တစ်စင်း လက်ခံမယ့် အိမ်ဖြူတော်ရဲ့အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာ ကွယ်ပြောဆိုလိုက်ပါတယ်။

“ကာတာနိုင်ငံက ကျွန်တော်တို့ကို လက်ဆောင်တစ်ခုပေးပါတယ်။ ကျွန်တော်က ဒီလက်ဆောင် ကို လက်မခံရင် မိုက်မဲသူတစ်ဉီး ဖြစ်ပါလိမ့်မယ်” လို့ ၎င်းက တနင်္လာနေ့မှာ အိမ်ဖြူတော်၌ သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် ယာယီအသုံးပြုဖို့ လေယာဉ်တစ်စင်း လွှဲပြောင်းမယ့်အစီအစဉ်ကို ကာတာနဲ့ အ မေရိကန်ကြား ဆွေးနွေးနေဆဲလို့ ကာတာအစိုးရ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါ တယ်။

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကာတာနိုင်ငံရဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေးအတွက် များစွာ ကူညီခဲ့ပြီး သူဟာ ကာတာခေါင်းဆောင်ပိုင်းရဲ့ လေးစားသမှုကို ရရှိထားတယ်လို့ ဒေါ်နယ်ထရမ့် က ပြောပါတယ်။

လေယာဉ်ရဲ့တန်ဖိုးနဲ့ ကိုင်တွယ်နိုင်စွမ်းက လက်ဝဲနဲ့ လက်ယာယိမ်း နိုင်ငံရေးသမားတွေကြား ဉ ပဒေပိုင်းဆိုင်ရာနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းတွေ ရှိလာစေပါတယ်။

Emoluments Clause လို့ခေါ်တဲ့ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ အမေရိ ကန်သမ္မတတွေကို ပြည်ပအစိုးရတွေထံမှ လက်ဆောင်တွေ လက်မခံအောင် ပိတ်ပင်ထားပါတယ်။

ဘယ်လို ရွေးကောက်ခံ တာဝန်ရှိသူကမှ ကွန်ဂရက်ရဲ့ အတည်ပြုချက်မပါဘဲ ပြည်ပနိုင်ငံတစ်ခုမှ မည်သည့်လက်ဆောင်မျှ လက်ခံ၍မရဘူးလို့ ကယ်လီဖိုးနီးယားပြည်နယ်မှ ဒီမိုကရက် အထက်လွှတ် တော်အမတ် အဒဏ်ရှက်ခ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“ပြည်ပအစိုးရတစ်ခုကပေးတဲ့ မည်သည့်လက်ဆောင်မဆို ဥပဒေနဲ့အညီ အမြဲ လက်ခံပါတယ်။ ဒေါ်နယ်ထရမ့်အစိုးရက အပြည့်အဝ ပွင့်လင်းမြင်သာမှုရှိပါတယ်” လို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကာရိုလိုင်းလီဗက်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ လက်ရှိ သမ္မတစီးနင်းတော်လေယာဉ်နှစ်စင်းမှာ ဆက်သွယ်ရေးကိရိယာတွေနဲ့ အစည်းအဝေးခန်း၊ ရုံးခန်းနဲ့ ညီလာခံခန်းမတွေပါဝင်တဲ့ ဘိုအင်း ၇၄၇-၂၀၀ဘီ လေယာဉ်တွေဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်နဲ့ ၁၉၉၁ ခုနှစ်မှာ စတင်ပြီး အသုံးပြုခဲ့ပါတယ်။

ကာတာနိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စီးနင်းဖို့ ဒေါ်လာ သန်း ၄၀၀ ခန့်တန်ကြေးရှိ ဘိုအင်း ၇၄၇-၈ လေယာဉ်တစ်စင်း လက်ဆောင်ပေးမယ်လို့ ABC News က ဖော်ပြခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိတဲ့ ကာတာနိုင်ငံဟာ ယခင်ကလည်း တူ ရကီအပါအဝင် အခြားတိုင်းပြည်တွေကို ဂျက်လေယာဉ်တွေ လက်ဆောင်အဖြစ် ပေးခဲ့ဖူးပါတယ်။

စီးပွားရေးသမားမှ သမ္မတဖြစ်လာခဲ့သူ ဒေါ်နယ်ထရမ့်ဟာ ၂၀၁၇ ခုနှစ်မှာ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း အကျိုးစီးပွားပဋိပက္ခနဲ့ပတ်သက်လို့ စွပ်စွဲမှုခံခဲ့ရသူဖြစ်ပါတယ်။

ကိုးကား – BBC
Ref; Trump defends plan to use Qatari luxury jet for Air Force One

#Ayeyarwaddy_Times