ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ရာတွင် ကျောင်းသားကလေးငယ် သေဆုံးသူအရေအတွက် ထပ်တိုးလာ ကြောင်း သိရသည်။

မေ ၁၂ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် စာသင်ကျောင်းပေါ် ဗုံးကြဲချသတ်ဖြတ်မှုတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ် ၂၀ ဦးနှင့် ဆရာမ နှစ်ဦး စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ ကျောင်းသား ကလေးငယ် ၁၀၀ ကျော်အနက် ယမန်နေ့ မေ ၁၃ ရက်တွင် G2 မှ ကလေးငယ်ကျားတစ်ဦး၊ ယနေ့ မေ ၁၄ ရက်တွင် G3 မှ ကလေးငယ်မ တစ်ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ စုစုပေါင်း ၂၄ ဦးရှိပြီဖြစ်ကြောင်း ဒီပဲယင်းမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူကလေးငယ်များကို သက်ဆိုင်ရာ နေရာများတွင် ဆေးဝါးကုသလျက်ရှိပြီး ကိုယ်လက် အင်္ဂါဖြတ်တောက်ပစ်ရသူများလည်းရှိပြီး ပြင်းထန် ဒဏ်ရာရရှိသူများပြားသောကြောင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း သိရသည်။

ပုံစာ-အိုးထိန်းတွင်းရွာ စာသင်ကျောင်းတွင် လေကြောင်းတိုက်ခိုက်ခံရ၍ သေဆုံးသွားသည့် ကလေးငယ်အချို့ကို တွေ့ရစဉ်။

#စစ်ကိုင်း #ဒီပဲယင်း #အိုးထိန်းတွင်းရွာ #စာသင် ကျောင်း #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #သေဆုံး #ကလေးငယ် #ထပ်တိုး #Ayeyarwaddy_Times