
ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်
ထိုင်းအာဏာပိုင်တွေဟာ တနင်္ဂနွေနေ့က မြန်မာမှ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ဖို့ကြိုး ပမ်းခဲ့တဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်း ၂၂ ဦးကို ကန်ချနဘူရီပြည်နယ်၊ ဆောင်ခလာဘူရီခရိုင်မှာ ဖမ်း ဆီးမိခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်ဒေသ တရားမဝင် လမ်းကြောင်းတွေကနေတစ်ဆင့် အထောက်အထားမဲ့ ရွှေ့ပြောင်းတွေ ဝင်ရောက်တဲ့သတင်းတွေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးဆောင်ရွက်ရာမှာ အခုလို ဖမ်းဆီး မိခဲ့တာပါ။
အထောက်အထားမပြနိုင်တဲ့ မြန်မာရွှေ့ပြောင်းတွေကို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဝမ် ကာခရိုင်ခွဲရှိ ဘန်ဒေါင်ဆတ်ခ်ရွာအနီး တွေ့ရှိခဲ့တာပါ။
မြန်မာရွှေ့ပြောင်းတွေဟာ မြန်မာနိုင်ငံ၊ ဘုရားသုံးဆူဒေသမှ လာရောက်ခဲ့တာဖြစ်ပြီး စစ်ဆေး ရေးဂိတ်တွေကို ရှောင်ရှားဖို့ ဆိုင်ကယ်တွေ၊ တောလမ်းတွေကို အသုံးပြုခဲ့တာလို့ ကနဉီးမေးမြန်းမှုအရ သိရပါတယ်။
မြန်မာရွှေ့ပြောင်းတွေဟာ ၎င်းတို့ကိုပို့ဆောင်မယ့် စက်လှေတစ်စင်းကို စောင့်ဆိုင်းနေတာဖြစ် ပြီး အလုပ်လုပ်ကိုင်ဖို့ ရည်မှန်းထားတဲ့နေရာတွေမှာ ကန်ချနဘူရီနဲ့ ဆမွတ်ဆာခွန်ပြည်နယ်တို့ ဖြစ်ပါ တယ်။
မြန်မာရွှေ့ပြောင်းတွေဟာ လူပွဲစားကို ဘတ် ၁၅၀၀၀ နဲ့ ၂၀၀၀၀ ကြား ပေးဖို့ သဘောတူခဲ့တယ် လို့ သိရပါတယ်။
မြန်မာရွှေ့ပြောင်းတွေကို ဥပဒေအရ အရေးယူဖို့ ဆောင်ခလာဘူရီရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး အာဏာပိုင်တွေဟာ လူပွဲစားတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။
ကိုးကား – Bangkok Post
Ref; 22 Illegal migrants caught crossing Myanmar border in Kanchanaburi
#Ayeyarwaddy_Times