ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

သီရိလင်္ကာနိုင်ငံအလယ်ပိုင်းမှာ ဒါဇင်နဲ့ချီသော ဗုဒ္ဓဘာသာဝင်ဘုရားဖူးတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စင်း ချောက်ကမ်းတစ်ခုအတွင်း ထိုးကျသွားခဲ့ရာ လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး အ များအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တနင်္ဂနွေနေ့က ကိုလံဘိုမြို့တော်ရဲ့အရှေ့ဘက် ၈၆ မိုင်ခန့်အကွာ ကော့မေးမြို့အနီး တောင် ကုန်းထူထပ်ရာ ဧရိယာတစ်ခုမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

“လူ ၂၁ ဉီး သေဆုံးခဲ့ပြီး သေဆုံးသူတွေ မည်သူမည်ဝါဆိုတာဖော်ထုတ်ဖို့ ကျွန်တော်တို့ ကြိုးစား နေပါတယ်” လို့ သယ်ယူပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းမကြီးများဝန်ကြီးဌာန ဒုတိယဝန်ကြီး ပရာ ဆန်နာဂူနာဆန်နာက ဒေသန္တရမီဒီယာတွေကို ပြောပါတယ်။

ဒေသခံတွေက အပျက်အစီးတွေအောက်ရှိသူတွေကို ကယ်မထုတ်ဘဲ ဆေးရုံသို့ မပို့ဆောင်ပါက သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ ဆေးရုံနှစ်ရုံမှာ လူ ၂၄ ဉီး ကို ဆေးကုသပေးနေတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
သူဟာ ဘတ်စ်ကားအရှေ့ပိုင်းမှာ ထိုင်ခဲ့ပြီး မစိုးရိမ်ရဒဏ်ရာတွေရရှိကာ အသက်ဘေးမှလွတ် မြောက်ခဲ့တယ်လို့ အသက်ရှင်သူတစ်ဉီးက သတင်းထောက်တစ်ဉီးကို ပြောကြားခဲ့ပါတယ်။

“ဘတ်စ်ကားက ဘယ်ဘက်ကို ယိမ်းသွားခဲ့ပြီး ယာဉ်မောင်းက အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကို ထိုးကျသွားခဲ့တာ” လို့ အမည်မဖော်လိုသူတစ်ဉီးက ပြောပါတယ်။

နိုင်ငံပိုင်ဘတ်စ်ကားကုမ္ပဏီပိုင် အဆိုပါခရီးသည်တင်ယာဉ်ဟာ သီရိလင်္ကာနိုင်ငံတောင်ပိုင်းရှိ ဘု ရားဖူးတွေစည်ကားရာ ကာတာရာဂါမမြို့မှ ၁၅၅ မိုင်အကွာရှိ ကုရုနီဂါလမြို့သို့ မောင်းနှင်ခဲ့တာလို့ သိရ ပါတယ်။

ကိုးကား – AFP
Ref; At least 21 die in Sri Lanka after bus carrying pilgrims veers off cliff

#Ayeyarwaddy_Times