
ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်
မေလ ၁၅ ရက်မှာ တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့တော်မှာ ယူကရိန်းနိုင်ငံနဲ့ တိုက်ရိုက် ဆွေးနွေး မှုတွေပြုလုပ်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တနင်္ဂနွေနေ့မှာ တောင်းဆိုခဲ့ပါတယ်။
ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ ပိုလန်နိုင်ငံမှ ခေါင်းဆောင်တွေဟာ ကိယက်ဗ်မြို့တော်မှာ တွေ့ဆုံခဲ့ ပြီး ရုရှားနိုင်ငံဟာ ချွင်းချက်မရှိ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို သဘောမတူပါက ဒဏ်ခတ်ပိတ်ဆို့မှု သစ်တွေ ကြုံတွေ့ရမယ်လို့ သတိပေးခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေပြုလုပ်ရေး ပူတင်နဲ့တွေ့ဆုံဖို့ ယူကရိန်းနိုင်ငံက အဆင် သင့်ရှိတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ နောက်ဆုံးမှာ စစ်ပွဲကိုအဆုံးသတ်ရေး စတင်ပြီး စဉ်းစားလာစေတဲ့ အပြုသဘောဆောင်သော လက္ခဏာတစ်ရပ်လို့ သူ က ဆိုပါတယ်။
တနင်္လာနေ့မှစတင်မယ့် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို လိုက်နာရမယ့် သဘောတူညီ ချက်ကို ရုရှားနိုင်ငံက အတည်ပြုဖို့ ယူကရိန်းက မျှော်လင့်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပူတင်ရဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ အဆိုပြုချက်ဟာ မလုံလောက်ဖူးလို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်က ပြောပါတယ်။
ချွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးဆိုတာ စေ့စပ်ညှိနှိုင်းမှုတွေ အလျင်လုပ်ရတာမဟုတ်ပဲ ပူတင် က ထွက်ပေါက်တစ်ခု ရှာဖွေနေပြီး အချိန်ယူလိုတယ်လို့ မေခရွန်က ဆိုပါတယ်။
“အမေရိကန်နိုင်ငံသားတွေနဲ့ အတူခိုင်မာစွာ ရပ်တည်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေးဟာ ချွင်းချက်မ ရှိဆိုတာပြောဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ကျန်တာကို နောက်မှ ဆွေးနွေးနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
ရုရှားနဲ့ယူကရိန်းအတွက် ကြီးကျယ်ခမ်းနားလာနိုင်တဲ့ နေ့ရက်တစ်ခုပါလို့ ယူကရိန်းစစ်ပွဲ အဆုံး သတ်ဖို့ ကတိပြုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ပြောပါတယ်။
ကိုးကား – RFI
Ref; Putin’s proposal for direct talks with Kyiv ‘not enough’ says France’s Macron
#Ayeyarwaddy_Times