ဆိပ်ဖြူမြို့နယ်က ကျေးရွာတစ်ရွာတွင် လူနာ ၆၀ ကို ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPC မှ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၇ ရက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာတွင် ယမန်နေ့ သြဂုတ်လ ၂၆ ရက်နေ့က ပခုက္ကူခရိုင် တပ်ရင်း (၇၁၂) ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPC က ကျမ်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျမ်းမာရေးစောက်ရှောက်မှုတွင် ရှားလှကျေးရွာမှ ရဟန်းသံဃာများ၊ သီလရှင်ဆရာလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်သူများအား အခမဲ့ လူနာ ၆၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့တယ် လို့ ပခုက္ကူခရိုင် တပ်ရင်း (၇၁၂) ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPC

ကသတင်းထုတ်ပြန်သည်။

ထို့ပြင် ကလေးလူနာများကို အရပ်အမြင့်တိုင်းခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်း ၊ သွေးချို၊ ဆီချိုတိုင်းခြင်းများနှင့်ကူးစက်ရောဂါများအတွက် သွေးစစ်ဆေးမှုများလည်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-တပ်ရင်း (၇၁၂) ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPC

#Ayeyarwaddy_Times