ဆောမြို့အတွင်းသို့ ည ၈ နာရီမှ မနက် ၅ နာရီအတွင်းဖြတ်သန်းသွားလာမှုကို လုံးဝခွင့်မပြုကြောင်း ဆော PDF ထုတ်ပြန်

ဧရာဝတီတိုင်းမ်

(ဆော)၊ သြဂုတ်လ ၂၇ ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် ဆောမြို့အတွင်းသို့ ည ၈ နာရီမှ မနက် ၅ နာရီအတွင်းဖြတ်သန်းသွားလာမှုကို လုံးဝခွင့်မပြုကြောင်း ဆောPDF က သြဂုတ်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့ပြင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဆောမြို့နယ်အတွင်း သက်ဆိုင်ရာတပ်ရင်း၊တပ်ဖွဲ့များ၏ ခွင့်ပြုချက်မရရှိဘဲ ဖြတ်သန်းလှုပ်ရှားမှုမပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆော က သြဂုတ်လ ၂၇ ရက် ယနေ့တွင်သတိပေးသည်။

ဆောမြို့နယ်အတွင်း အကြမ်းဖက်လက်နက်ကိုင်လူသတ် မှု၊ လုယက်ခိုးယူမှု၊ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုများမဖြစ်ပေါ်လာစေရန်နှင့် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေမည့်အရာများ မဖြစ်ပေါ်စေရေး ဆော-PDF က တာဝန်ယူဆောင်ရွက်နေသဖြင့် ယင်းကဲ့သို့ သတိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သက်ဆိုင်ရာတပ်ရင်း၊တပ်ဖွဲ့များထံအကြောင်းကြားခြင်းမရှိဘဲ ဆောမြို့နယ်အတွင်း ဖြတ်သန်းလှုပ်ရှားမှုများပြုလုပ်လာပါလျှင် ဆောPDF အနေဖြင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့်အခြေအနေများကို လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ကြောင်း သတိပေးထားသည်။

#Ayeyarwaddy_Times