
လက်ပံတောင်းတောင်ဒေသရှိ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီအနီးမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်လို့ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရဟုဆို
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၇ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်း တရုတ်-ဝမ်ပေါင်ဆိုက်အနီးတွင် လုံခြုံရေးရေးယူလာသော စစ်ကောင်စီယာဉ်တန်းကို ဩဂုတ်လ ၂၅ ရက် မနက် ၁၀နာရီ ဝန်းကျင်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Brother Defence Force က သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။
ပုသိမ်-မုံရွာလမ်းတစ်လျှောက် သေနတ်များပစ်ခတ်ကာ ၂၈ တပ်ရင်းမှထွက်လာသော စစ်ကောင်စီတပ်သားများအား အညာပတ်လုံးဟုအမည်ပေးထားသည့် ဖျက်အားပြင်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်သေ ဆုံးများခဲ့ကြောင်း BDF တာဝန်ခံကပြောသည်။
“သူတို့က ထွက်လာတည်းက လမ်းတစ်လျှောက်ရမ်းသန်းပစ်ပီးလာတာ၊ ပြည်သူတွေတော့မထိဘူး၊အဲ့လိုပစ်တာကခနခနဘဲ သူတို့လုပ်တာ၊ခုလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် အညာပတ်လုံးဆိုတဲ့ မိုင်းပေါ့နော်အဲ့တာနဲ့တိုက်ခိုက်တာ။ ၃ ယောက်သေတယ်၊ ၅ ယောက်ဒဏ်ရာရတယ်လို့မြေပြင်သတင်းတွေအရသိရတယ်ဗျ ” ဟု BDF တာဝန်သူက
ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်များသည် ဩဂုတ်လ ၂၅ ရက်နေ့တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ကံကုန်းကျေးရွာရှိ လူနေအိမ်နှစ်လုံးပျက်စီးရှုံးဆုံးခဲ့သေးကြောင်း သိရသည်။
#Ayeyarwaddy_Times