ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

အိန္ဒိယနဲ့ပါကစ္စတန်ဟာ ရက်နဲ့ချီ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် အပြည့်အဝ ချက်ချင်း အ ပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

“အမေရိကန်နိုင်ငံက ကြားဝင်ဖျန်ဖြေပြီးနောက် အိန္ဒိယနဲ့ပါကစ္စတန်ဟာ အပြည့်အဝ ချွင်းချက် မရှိ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်တယ်လို့ ကျွန်တော် ကြေညာပါတယ်” လို့ ဒေါ်နယ်ထရမ့်က လူ မှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“ပါကစ္စတန်နဲ့အိန္ဒိယဟာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ပါပြီ။ ပါကစ္စတန်နိုင်ငံ ဟာ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို အပေးအယူမလုပ်ပဲ ဒေသတွင်းမှာ ငြိမ်းချမ်း ရေးနဲ့ လုံခြုံရေးရရှိဖို့ အမြဲ ကြိုးပမ်းခဲ့ပါတယ်” လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အိုင်ရှက်ဒါက ဒေါ် နယ်ထရမ့်ရဲ့ ပို့စ်တင်အပြီးမှာ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

“စနေနေ့ အိန္ဒိယစံတော်ချိန် ညနေ ၅ နာရီမှစပြီး အပစ်အခတ်ရပ်စဲဖို့ နှစ်နိုင်ငံစလုံးက သဘော တူခဲ့တယ်”လို့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဗီကရမ်မစ်ဆရီက အတည်ပြုခဲ့ပါတယ်။

အိန္ဒိယစစ်တပ်က ပါကစ္စတန်နိုင်ငံရှိ အကြမ်းဖက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်နိုင်ငံ က လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တာ ပါ။

ကိုးကား – Anadolu
Ref; US president says Pakistan and India reached ‘full and immediate’ ceasefire

#Ayeyarwaddy_Times