ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ် ရှိ သုံးမိုင်စစ်ဆေးရေးဂိတ်တွင် ရဲများက မော်တော်ယာဥ်များကို စစ်ဆေးပြီး အကြောင်းမဲ့ငွေတောင်းယူမှုများပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အ သိရသည်။

“လိုင်စင်တွေ အကုန်ပြည့်စုံနေတာတောင် ဘီယာဖိုးဆိုပြီး တစ်သောင်းနှစ်သောင်း ပေးရသေးတယ်။ နို့မို့ဆို ပြဿနာရှာရော အဲ့ဂိတ်ကတော်တော်ဆိုးနေတယ်”ဟု ကုန်တင်ယာဥ်မောင်းတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဖြတ်သန်းသွားလာသော ကား၊ ဆိုင်ကယ်များကို တားစီးစစ်ဆေးပြီး လိုင်စင်လိုအပ်ချက်ရှိပါက ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ တောင်းယူနေကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွင်း ဧရာ၀တီတိုင်းတွင်မြို့အ၀င်လမ်းများရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီနှင့်ရဲများမှ လုံခြုံရေးအကြောင်းပြကာ ဖြတ်သန်းသွားလာနေသောယာဥ်များထံမှ စစ်ဆေးငွေတောင်းယူမှု ပိုမိုလုပ်ဆောင်လာကြောင်း ယာဉ်မောင်းများထံမှသိရှိရသည်။

#လပွတ္တာ #၃မိုင်စစ်ဆေးရေးဂိတ် #ငွေတောင်းခံနေသောကြောင့် #ခရီးသွားပြည်သူများအခက်တွေ့ #Ayeyarwaddy_Times