
ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျးရွာရှိ စာသင်ကျောင်းအား စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသားကလေးငယ်နှင့် ဆရာမအပါအဝင် သေဆုံးသူ ၂၂ ဦးထိရှိကာ ၆၀ ကျော် ဒဏ်ရာရရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ မေ ၁၂ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ပညာရေးလိုအပ်ချက်အရ ကြား ကာလပညာရေးအဖြစ် စာသင်ကြားနေသည့် စာသင်ကျောင်းပေါ်သို့ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
“ခဏ ခဏ ကို ဗုံးလာလာကြဲတော့ ကျောင်းပိတ်နေရတာနဲ့ စာတွေက မပြီးဘူး။ ပညာရေးပြည့်မီအောင် အစားထိုးလတွေ ပြန်ခေါ်ပြီးသင်ရတယ်။ ဗုံးအမြဲကြဲနေတဲ့ဒေသတွေမှာရှိတဲ့ ကလေးတွေဟာ တစ်ခါလာကြဲပြီးသွားရင် ကျောင်းပိတ်ရပါတယ်။ ငြိမ်လောက်ပြီထင်မှ ပြန်ဖွင့်ရပါတယ်။ ခုလိုပြန်ဖွင့်တဲ့အချိန်မှာ အစုလိုက် အပြုံလိုက် လာသတ်ဖြတ်သွားတာပါ”ဟု စစ်ဖြစ်ပွားရာဒေသတွင် စာသင်ကြားပေးနေသည့် ဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဗုံးကြဲချမှုကြောင့် ကျောင်းသားကလေးငယ် ၂၀ ဦးနှင့် ဆရာမ ၂ ဦး စုစုပေါင်း ၂၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရ ကျောင်းသား၊ ကျောင်းသူနှင့်ဆရာမ ၆၀ ရှိကြောင်း Free Rangers-Depeyin က ထုတ်ပြန်ထား သည်။
သေဆုံးသည့် ကျောင်းသား၊ ကျောင်းသူများထဲတွင် G2 မှ ခြောက် ဦး၊ G3 မှ နှစ် ဦး၊ G4 မှ လေး ဦး၊ G5, G7, G9, G10, G 11 တို့မှ ကလေးများအပါအဝင် စုစုပေါင်း ၂၀ သေဆုံးခဲ့ကြောင်း သိရသည်။
စစ်တပ်ထောက်ခံသူများနှင့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင်မူ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ PDF များက စာသင်ကျောင်းတွင် လက်လုပ်ဗုံး လုပ်ရင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျောင်းပိတ်ထားချိန်တွင် ကျောင်းတက်နေခြင်းမှာ လိမ်လည်ခြင်းသာဖြစ်သည်ဟုစစ်ကောင်စီ၏ လုပ်ရပ်ကို ဖုံးကွယ်၍ ဝါဒဖြန့်ဖော်ပြလျက်ရှိသည်။
ပုံစာ- ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲချပြီးနောက် တွေ့ရစဉ်၊
#စစ်ကိုင်း #ဒီပဲယင်း #အိုးထိန်းစာသင်ကျောင်း #စစ်ကောင်စီဗုံးကြဲ #အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု #၂၂ ဦး #သေဆုံး #၆၀ကျော်ဒဏ်ရာရ #Ayeyarwaddy_Times