ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ မေ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၇ မိနစ်ခန့်က မှန်ချိုရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ရာ ကျေး ရွာနေအမျိုးသမီး နှစ်ဦးသေဆုံးပြီး ရှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွာအရှေ့ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်းတစ်လုံးစီကျတယ်။ နေအိမ်မီးလောင်ပြီး အိမ်ထဲရှိတဲ့အမျိုး သမီးတစ်ဦး မီးလောင်ပြီးသေတယ်။ ဒဏ်ရာရတဲ့သူထဲမှာလည်း တစ်ဦးစိုးရိမ်ရပါတယ်။ အဲ့ဒီလိုလာ ကြဲပြီးတော့ ချောင်းဦးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတာ။ ရွာထဲက တိရိစ္ဆာန် တွေ သေကုန်တယ်။ ဘာတိုက်ပွဲမှလည်းမရှိသလို ဘယ်အဖွဲ့မှလည်း နေထိုင်တဲ့ရွာမဟုတ်ပါ ဘူးဗျာ တမင်သက် သက်ကြီး လာကြဲသွားတာပါ “ဟု ချောင်းဦးမြို့၊ မှန်ချိုရွာခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

စစ်ကောင်စီက အဆိုပါရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် လက်နက်ကြီးများဖြင့်လည်း ၁၀ ကြိမ်ခန့်ပစ် ခတ်တိုက်ခဲ့ရာ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီက ချောင်းဦးမြို့၊ သုံးပန်လှရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ရဟန်ခံရှင်ပြုမည့် မောင်ရှင်လောင်း အပါအဝင် သုံး ဦးသေဆုံးခဲ့သည်။

အလားတူ ယနေ့ မေ ၁၂ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာရှိ စာသင် ကျောင်းကို စာသင်နေသည့်အချိန်တွင် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဒါဇင်ချီနှင့် ဆရာမများပါ သေဆုံးခဲ့ရသည်။

ဓာတ်ပုံ-ကိုမိုးကြိုး
ပုံစာ-ချောင်းဦး မှန်ချိုရွာ လေကြောင်းဗုံးကြဲခံရပြီး နောက်တွေ့ရစဉ် အမျိုးသမီးနှစ်ဦးသေဆုံး
#စစ်ကိုင်း #ချောင်းဦး #မှန်ချို #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #အမျိုးသမီး၂ဦး #သေဆုံး #Ayeyarwaddy_Times