ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေ ၁၀ ရက် နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် TNLA တပ်များရှိရာ သရက်ချိုရွာအနီးသို့ စစ်ကောင်စီက ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

ထို့အပြင် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင်လည်း TNLA တပ်နှင့် စစ်ကောင်စီတို့ ယာပြင်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဘူတာရပ်ကွက်၊ ဆမ်မဆယ်ရွာနှင့် အုမ္မတီးရွာတို့ကို ယမန်နေ့ မ ၁၀ ရက် ညနေပိုင်းအချိန်တွင် ဗုံး ခုနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သည့်အတွက် နေအိမ်သုံးလုံးနှင့် ကားတစ်စီးတို့ ဗုံးစထိမှန်ပျက်စီးခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်၏ တဲခေါ်ရွာမှနေ၍ နံနက် ၉ နာရီ ၃၂ မိနစ်ခန့်တွင် ဒရုန်းဖြင့် ဗုံးကိုးလုံးနှင့် အဆိပ်ငွေ့ဗုံး သုံးလုံးတို့ကို အုမ္မတီးရွာအတွင်း ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် မက်မန်းတောရွာနှင့် ခုနှစ်မိုင်သို့ ဗုံး ၁၈ လုံးနှင့် လက်နက်ကြီး ၁၄ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်လားသည်။

စစ်ကောင်စီက အပစ်ရပ်သက်တမ်းတိုးထားသော် လည်း နောင်ချိုမြို့နယ်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းတို့မှ နေ့စဉ်တိုက်ခိုက်လျက်ရှိသည်ဟုTNLA က ထုတ်ပြန်ထားသည်။

မိုးကုတ်မြို့နှင့် ဆက်စပ်နေသည့် သပိတ်ကျင်းမြို့နယ်သို့လည်း ယမန်နေ့ညက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခတ်ခဲ့သည်။

#ရှမ်းမြောက် #နောင်ချို #တိုက်ပွဲဖြစ် #စစ်ကောင်စီ #လေကြောင်း #မြေပြင် #စစ်ကြောင်း #ဒရုန်း #လက်နက်ကြီး #ပစ်ခတ် #TNLA #Ayeyarwaddy_Times