ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်

သီရိလင်္ကာလေတပ်ဖွဲ့မှ ရဟတ်ယာဉ်တစ်စင်း မေလ ၉ ရက်က ပျက်ကျခဲ့ရာ လူ ခြောက်ဦး သေ ဆုံးခဲ့တယ်လို့ သီရိလင်္ကာစစ်တပ်က ပြောပါတယ်။

ကိုလံဘိုမြို့အရှေ့ဘက်ရှိ ကန်တစ်ကန်အတွင်း Bell 212 ရဟတ်ယာဉ် ပျက်ကျချိန်မှာ ရဟတ် ယာဉ်ပေါ်ပါသူတွေဟာ သရုပ်ပြပျံသန်းမှုမှာ ပါဝင်နေတယ်လို့ စစ်ဘက်တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

ရဟတ်ယာဉ် ပျက်ကျချိန်မှာ အထူးတပ်ဖွဲ့ ကွန်မန်ဒိုတွေရဲ့ သင်တန်းဆင်းပွဲရှိပြီး သရုပ်ပြလေ့ ကျင့်မှုတေွ ပြုလုပ်ချိန်မှာ ရဟတ်ယာဉ် ပျက်ကျခဲ့တာလို့ သိရပါတယ်။

“ရဟတ်ယာဉ်ပေါ်မှာ လူ ၁၂ ဉီး ပါရှိပြီး ခြောက်ဉီးက ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပါတယ်။ သေ ဆုံးသူတွေထဲမှာ ကွန်မန်ဒိုလေးဉီးနဲ့ လေတပ်ဖွဲ့ဝင်နှစ်ဉီး ပါဝင်တယ်လို့ စစ်ဘက်တာဝန်ရှိသူက ပြောပါ တယ်။

ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း တရုတ်လုပ် Y-12 လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ အမှုထမ်း လေးဉီး သေဆုံးခဲ့ပြီးနောက် ယခုဖြစ်စဉ်ဟာ သီရိလင်္ကာလေတပ်ဖွဲ့အတွက် အဆိုးရွားဆုံးဖြစ်စဉ် ဖြစ်ပါ တယ်။

၂၀၀၀ ပြည့်နှစ် စက်တင်ဘာလက Mi-17 ရဟတ်ယာဉ်တစ်စင်း သီရိလင်္ကာနိုင်ငံအလယ်ပိုင်းမှာ ပျက်ကျခဲ့ရာ လူ ၁၅ ဉီး သေဆုံးခဲ့ခြင်းကြောင့် အဆိုပါကျွန်းနိုင်ငံသမိုင်းမှာ လူအသေအပျောက်အများ ဆုံး ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ခဲ့ပါတယ်။

ကိုးကား – CNA
Ref; Six killed in Sri Lanka helicopter crash: Military

#Ayeyarwaddy_Times