ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်

ရုရှားနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဆို ဗီယက်ပြည်ထောင်စုက ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီအပေါ် အောင်ပွဲရမှု နှစ်ပတ်လည်နေ့အခမ်းအ နား မိန့်ခွန်းတစ်ခုအတွင်း ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ရုရှားနဲ့ ဆက်ဆံရေး တိုးမြှင့်သွားမယ့်ကတိကဝတ်ကို ပြုံယမ်းမြို့ရှိ ရု ရှားသံရုံးမှာကျင်းပတဲ့ အခမ်းအနားမှာ ကင်ဂျုံအန်က ထည့်သွင်းပြောကြားခဲ့တယ်လို့ နိုင်ငံပိုင် ကိုရီး ယား ဗဟိုသတင်းဌာနက (KCNA) က ဖော်ပြပါတယ်။

ကင်ဂျုံအန်ရဲ့ပြောကြားချက်ဟာ နှစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာ၊ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်မှု၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ မြောက်ကိုရီးယား-ရုရှား ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်က ရုရှားနိုင်ငံသို့ စေလွှတ်ထားတဲ့ မြောက်ကိုရီး ယားတပ်ဖွဲ့ဝင်တွေရဲ့ ရဲရင့်မှု၊ စွန့်လွှတ်အနစ်နာခံမှု၊ တိုက်ခိုက်ရေးစွမ်းရည်တွေကို အသိအမှတ်ပြုခဲ့ပြီး မြောက်ကိုရီးယားပြည်သူတွေနဲ့ ခေါင်းဆောင် ကင်ဂျုံအန်ကို ကျေးဇူးတင်ရှိတယ်လို့ ပြောပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲကာလအတွင်း ရုရှားနိုင်ငံကို ပံ့ပိုးကူညီရမယ့် သဘောတူညီချက်အရ ရုရှား သို့ တပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့လအတွင်း ပထမဆုံးအကြိမ် အ တည်ပြုခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Russia’s Victory Day: North Korea’s Kim vows to ‘consolidate’ ties with Moscow

#Ayeyarwaddy_Times