
ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်
မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို နှိုင်းနှိုင်းချင့်ချင့်နဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်းဆိုခဲ့ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး မော်နင်က လူမှုကွန်ရက် X မှာ ရေးသား ခဲ့ပါတယ်။
တိုင်းပြည်အခြေအနေနဲ့လိုက်ဖက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်း ဖော်ဆောင်မှု၊ အချုပ်အခြာအာ ဏာ၊ လွတ်လပ်ရေး၊ ပိုင်နက်နယ်မြေတည်တံ့မှုနဲ့ တည်ငြိမ်မှု ကာကွယ်စောင့်ရှောက်မှုနဲ့ ပြည်တွင်း နိုင်ငံ ရေးအခင်းအကျင်းကို နှိုင်းနှိုင်းဆဆ ရှေ့ဆက်လုပ်ဆောင်မှုကို တရုတ်နိုင်ငံက ထောက်ခံတယ်လို့ ရှီကျင့် ဖျင်က ပြောပါတယ်။
မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေကို ထိရောက်စွာ ကာကွယ် ပေးဖို့နဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေး ပိုမိုလုပ်ဆောင်ဖို့လည်း ၎င်းက တိုက်တွန်းခဲ့ ပါတယ်။
ရှီကျင့်ဖျင်နဲ့ မင်းအောင်လှိုင်တို့ဟာ နာဇီဂျာမနီတို့အပေါ် အောင်ပွဲရမှု နှစ် ၈၀ ပြည့် အထိမ်းအ မှတ်အခမ်းအနားကို တက်ရောက်ဖို့ ရုရှားနိုင်ငံမှာ ရောက်ရှိနေတာပါ။
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် တရုတ်က မြန်မာသို့ အကူအညီဆက်ပေးမယ်လို့ ရှီကျင့်ဖျင်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးမီလတွေအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက် ပွဲတွေကြောင့် ထောင်ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပြီး ပဋိပက္ခဟာ ထိုင်းနိုင်ငံထဲ ပျံ့နှံ့ခဲ့ပါတယ်။
မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ သက်တမ်းတိုးဖို့ မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သဘောတူခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; China’s Xi calls for advancing Myanmar’s political agenda in ‘prudent manner’
#Ayeyarwaddy_Times