
ဧရာဝတီတိုင်းမ်
မေ ၉ ရက်
အိန္ဒိယနဲ့ပါကစ္စတန်ကြား ဒရုန်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အပြန်အလှန် စွပ်စွဲမှုတွေကြောင့် အိမ်နီးချင်းနှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေ ဖြစ်လာစေပါတယ်။
အိန္ဒိယစစ်တပ်ဟာ ဗုဒ္ဓဟူးနေ့ညပိုင်းနဲ့ ကြာသပတေးနေ့က ပါကစ္စတန်နိုင်ငံမှာ ဒရုန်းတိုက်ခိုက် မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။ ဒရုန်း ၂၅ စင်းကို ပစ်ချခဲ့ပေမယ့် အရပ်သားနှစ်ဉီး သေဆုံးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
အဆိုပါကာလအတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းရှိ စစ်ရေးပစ်မှတ်များစွားကို ဒ ရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ချက်တစ်ခုအတွင်း ပါကစ္စတန် နိုင်ငံကို စွပ်စွဲခဲ့ပါတယ်။
အိန္ဒိယစစ်တပ်က ပါကစ္စတန်နိုင်ငံရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ရေဒါစနစ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကြာသပတေးနေ့ညပိုင်းမှာ ပါကစ္စတန်နိုင်ငံက ဒရုန်းတိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုတွေ ပို မို လုပ်ဆောင်ခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။
အငြင်းပွား ကက်ရှ်မီးယားဒေသမှာ တပ်စွဲထားတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တပ်ဖွဲ့တွေကြား မကြာ ခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ် ကက်ရှ်မီးယားဒေသကို ဒုံးကျည်တိုက်ခိုက်မှုတွေ လုပ်ဆောင် ခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။
တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့လအတွင်း အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယားဒေသမှာ သေနတ်သမား တွေရဲ့ ကမ္ဘာလှည့်ခရီးသွားတွေအပေါ် တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မှုဖြစ်တယ်လို့ အိန္ဒိယနိုင်ငံက ပြောပါတယ်။
ကက်ရှ်မီးယားတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ စွပ်စွဲချက်ကို ပါကစ္စတန်နိုင်ငံက ငြင်းဆန်ပါတယ်။
ကိုးကား – NHK
Ref; India, Pakistan trade accusations of drone attacks as tensions ramp up
#Ayeyarwaddy_Times