ဧရာဝတီတိုင်းမ်
မေလ ၉ ရက်

အင်္ဂါနေ့က ကန်ချနဘူရီပြည်နယ် နယ်စပ်အနီး ပျံသန်းလာတဲ့ မြန်မာစစ်တပ်ရဲ့ ဂျက်တိုက်လေ ယာဉ်တစ်စင်းဟာ ထိုင်းလေပိုင်နက်ထဲ မဝင်ရောက်ခဲ့ဖူးလို့ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဝီ ချာရာချိုင်းက အတည်ပြုလိုက်ပါတယ်။

မြန်မာဂျက်တိုက်လေယာဉ်ဟာ နယ်စပ်နဲ့ကပ်လျက်သာ ပျံသန်းခဲ့တာလို့ ၎င်းက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဖြစ်စဉ်ဟာ စစ်ဆင်ရေးတစ်ခုအတွင်း ဖြစ်ပျက်ခဲ့တဲ့ အရေးမပါတဲ့ ကိစ္စရပ်တွေကို သူက ပယ်ချခဲ့ ပြီး တော်ဝင်ထိုင်းလေတပ်ဖွဲ့က မြန်မာအာဏာပိုင်တွေကို အကြောင်းကြားပြီးနောက် မြန်မာဂျက်တိုက် လေယာဉ်က နောက်ပြန်လှည့်သွားခဲ့တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့နေ့လည်ပိုင်းက ကန်ချနဘူရီပြည်နယ်မှာ F-16 ဂျက်တိုက်လေယာဉ်နှစ်စင်း ပျံသန်းလာ တာကို ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်က ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ရှိ ဒေသခံတွေကြား ရုန်းရင်းဆန် ခတ်မှု ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်ကျေးရွာတစ်ခုအနီး မြန်မာစစ်တပ်ရဲ့ K-8 ဗုံးကြဲလေယာဉ်တစ်စင်း တွေ့ရှိပြီးနောက် ထိုင်းတော်ဝင်လေတပ်ဖွဲ့က F-16 ဂျက်တိုက်လေယာဉ်နှစ်စင်း အရေးပေါ် စေလွှတ်ခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar jet near border not a breach

#Ayeyarwaddy_Times