ဧရာဝတီတိုင်းမ်
မေ ၉ ရက်

တရုတ်စစ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်၊ အငြင်းပွားရေပိုင်နက်အတွင်း ရန်လိုတဲ့ အ ပြုအမူတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံက ပြောကြားခဲ့ပြီး တရုတ်က အဆိုပါပြောဆိုချက်ကို ပယ်ချလိုက်ပါတယ်။

ဒီသတင်းပတ်အစောပိုင်းမှာ စကားဘရော့ဂျ်သောင်စွယ်အနီး ဖိလစ်ပိုင်ကင်းလှည့်ရေယာဉ်တစ် စင်းက တရုတ် ဖရီးဂိတ်နှစ်စင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။

တရုတ်စစ်သင်္ဘောတစ်စင်းက ဖိလစ်ပိုင်ကင်းလှည့်ရေယာဉ်နဲ့ မောင်းနှင်ပြီး အခြားတစ်စင်းက လမ်းကြောင်းရှေ့မှ ဖြတ်သန်းမောင်းနှင်ခဲ့တာကို ဖိလစ်ပိုင်စစ်တပ်ရဲ့ ရုပ်သံဖိုင်က ပြသခဲ့ပါတယ်။

အဆိုပါလုပ်ရပ်ဟာ ခြိမ်းခြောက်ရန်စမှုဖြစ်ပြီး တင်းမာမှုတွေ မြင့်တက်စေကာ ဒေသတွင်း တည် ငြိမ်မှုကို ထိခိုက်စေတဲ့ နားလည်မှုလွဲမှားခြင်းလို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။

တရုတ်စစ်တပ် တောင်ပိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက အဆိုပါပြောဆိုချက်ကို ပယ်ချခဲ့ပြီး စကားဘရော့ဂျ်သောင်စွယ်ဟာ တရုတ်ပိုင်နက်အတွင်းမှာရှိတယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်ကင်းလှည့်ရေယာဉ်က တရုတ်ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ တာလို့ သူက ဆိုပါတယ်။

ထိပါးမှု၊ ရန်စမှုနဲ့ အမှန်တရားကို ပုံမှားရိုက်တာ ချက်ချင်း ရပ်တန့်ဖို့ ၎င်းက ဖိလစ်ပိုင်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နဲ့တရုတ်ဟာ ပိုင်နက်နယ်မြေနဲ့ပတ်သက်လို့ အငြင်းပွားနေတာ ကြာမြင့်ပြီဖြစ်ပြီး နှစ် နိုင်ငံမှ စစ်သင်္ဘောတွေ ထိပ်တိုက်တွေ့ဆုံမှုဟာ မထူးဆန်းတော့ပေ။

စကားဘရော့ဂျ်သောင်စွယ်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အထူးသီးသန့်စီးပွားရေးဇုန်အတွင်း တည်ရှိပေ မယ့် တရုတ်နိုင်ငံက ထိန်းချုပ်ထားပါတယ်။

ကိုးကား – NHK
Ref; Manila, Beijing swap accusations over South China Sea incident

#Ayeyarwaddy_Times