
ဧရာဝတီတိုင်းမ်
မေ ၉ ရက်
ပုပ်ရဟန်းမင်းကြီးအသစ်အဖြစ် အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားခဲ့သည့် ကာဒီနယ် ရောဘတ် ပရက်ဗော့ကို ယမန်နေ့ မေ ၈ ရက်နေ့တွင် ရွေးချယ်ခြင်းတင်မြှောက်ခဲ့ပြီး ၁၄ မြောက်ပုပ်ရဟန်းမင်ကြီး လီယို အဖြစ် လီယို-၁၄ ဘွဲ့အမည်ကို ခံယူမည်ဖြစ်ကြောင်း သိရသည်။
၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည့် အသက် ၆၉ အရွယ် ပုပ်ရဟန်းမင်းကြီး လီယို-၁၄ မှာ မြောက်အမေရိကတိုက်၏ ပထမဆုံးပုပ်ရဟန်းမင်းကြီးဖြစ်ပြီး ၎င်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (X) တွင် ရေးသားဖော်ပြခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယို-၁၄ အဖြစ်ရွေးချယ်ခံခဲ့ရသည့်အတွက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် မငြိမ်သက်မှုများ ကြုံတွေ့နေရချိန်၌ ယခုအခိုက်အတန့်သည် လေးနက်သည့် အခိုက်အတန့်ဖြစ်ကြောင်း ဒူဝါလရှီးလက ဆိုထားသည်။
ဆက်လက်၍ ပုပ်ရဟန်းမင်းကြီး အနေဖြင့်ဆင်းရဲနွမ်းပါးသူများ၊ အခွင့်အရေးဆုံးရှုံးသူများ၊ နေရပ်စွန့်ခွာ ရသူများ နှင့် ဒုက္ခဝေဒနာခံစားနေရသည့် မြန်မာပြည်သူ၊ ပြည်သားများအတွက်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့အတွက် အသံ တစ်ခု ဖြစ်ပေးပါရန်လည်း တောင်းဆိုခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယို- ၁၄ သည် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်ခဲ့သည့် ပုပ်ရဟန်းမင်ကြီး ဖရန့်စစ်နေရာတွင် ဆက်ခံသူတစ်ဦးဖြစ်ကာ ပုပ်ရဟန်းမင်ကြီး ဖရန့်စစ်သည် မြန့်မာနိုင်ငံရေးတွင် စစ်ကောင်စီ၏ အကြမ်း ဖက်မှုများကို ရပ် တန့်ရန် မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ပြီး စစ်ကောင်စီ ကဖမ်းဆီးထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်မြောက် စေလိုကြောင်း တောင်းဆိုခဲ့သူဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပုပ်ရဟန်းမင်းကြီး #POPE #အသစ်ရွေးချယ် #Ayeyarwaddy_Times