(ပါကစ္စတန်က အိန္ဒိယဂျက်တိုက်လေယာဉ် ၅ စင်းကို ပစ်ချခဲ့ဟု ဆို)

ဧရာဝတီတိုင်းမ်
မေ ၈ ရက်

အိန္ဒိယနိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ် ကက်ရှ်မီးယားဒေသကို ဒုံး ကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ပါကစ္စတန်နိုင်ငံက အိန္ဒိယတိုက်လေယာဉ် (၅) စင်းကို ပစ်ချကာ လက်တုံ့ ပြန်ဖို့ ကတိပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယားဒေသမှာ လူ ၂၆ ဉီး သေဆုံးစေခဲ့တဲ့ ကမ္ဘာ လှည့်ခရီးသွားတွေအပေါ် အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုနဲ့ဆက်စပ်သူအချို့ ခိုအောင်းရာ နေ ရာကိုးခုကို တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ပြောပါတယ်။

“သေချာစီစဉ်ထားတဲ့ မဟာဗျူဟာအတိုင်း ပစ်မှတ်တွေကို အရပ်သားတွေ ထိခိုက်မှုအနည်းဆုံး နဲ့ ဖျက်ဆီးခဲ့ပါတယ်” လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်းက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံရှိ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာခြောက်ခုဟာ စစ်သွေးကြွစခန်းတွေ မဟုတ်ကြောင်း၊ အရပ်သား ၂၆ ဉီး သေဆုံးကာ ၄၆ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အိန္ဒိယဂျက်တိုက်လေယာဉ် (၅) စင်းကို ပစ်ချခဲ့တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန် ချက်တစ်ခုက ဖော်ပြခဲ့ပေမယ့် ပေကျင်းမြို့ရှိ အိန္ဒိယသံရုံးက သတင်းမှာဟုဆိုကာ ပယ်ချခဲ့ပါတယ်။

ဟိမဝန္တာဒေသမှာ ဂျက်တိုက်လေယာဉ် (၃) စင်း ညပိုင်းအချိန် ပျက်ကျခဲ့ပြီး လေယာဉ်မှူးတွေကို ဆေးရုံတင်ခဲ့တယ်လို့ အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယားဒေသရှိ ဒေသန္တရသတင်းရင်းမြစ်တွေက ပြောပါ တယ်။

အိန္ဒိယတပ်ဖွဲ့ဟာ “ဆင်ဒူးစစ်ဆင်ရေး” အတွင်း အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့နဲ့ပတ်သက်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယစစ်တပ် ပြောရေးဆိုခွင့်ရှိသူနှစ်ဉီးက ပြောပါတယ်။

အိန္ဒိယနိုင်ငံအပေါ် တိုက်ခိုက်လာနိုင်လို့ လက်ဉီးမှုရယူ တိုက်ခိုက်ခဲ့တာလို့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဗီကရမ်မစ်ဆရီက ပြောပါတယ်။

တိုက်ခိုက်မှုဟာ ရှက်စရာတစ်ခုဖြစ်ပြီး အမြန်ဆုံး အဆုံးသတ်ဖို့ မျှော်လင့်ပါကြောင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရီဘီယိုက အိန္ဒိယနဲ့ပါကစ္စတန်မှ အမျိုးသား လုံခြုံရေးအ ကြံပေးတွေနဲ့ ဖုန်းပြောဆိုကာ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်ဖို့နဲ့ တင်းမာမှုတွေ ရှောင်ရှားဖို့ တိုက်တွန်းခဲ့ပါတယ်။

အတတ်နိုင်ဆုံး စစ်ရေးအရ စိတ်ရှည်သည်းခံမှု ကျင့်သုံးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုခဲ့တယ်လို့ ၎င်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကိုးကား – Reuters
Ref; India strikes Pakistan over tourist killings, Pakistan says it will retaliate

#Ayeyarwaddy_Times