
ဧရာဝတီတိုင်းမ်
မေ ၈ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့ဆက်ဆံမှုအပေါ် မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုတွေကို အမျိုးသားလုံခြုံရေးအကြံပေး ခါလီလာရာမန်က ပယ်ချခဲ့ပြီး ကြားဖြတ်အစိုးရဟာ အမျိုးသား အကျိုးစီးပွားအတွက် လိုအပ်ရင် ဘယ်လိုအဖွဲ့မျိုးနဲ့မဆို ထိတွေ့ဆက်ဆံမယ်လို့ ပြောကြား လိုက်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုပါ။ ကျွန်တော်တို့ လိုအပ်သူမှန်သမျှနဲ့ တွေ့ပါမယ်။ ကျွန်တော်တို့ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားပြီး အဲဒါကို ဖော်ဆောင်နေ ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
မြန်မာစစ်ကောင်စီက အေအေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပေမယ့် အပစ်အ ခတ်ရပ်စဲရေး ဆွေးနွေးနေကြောင်း၊ စဉ်းစားစရာတစ်ချက်မှာ နယ်စပ်တစ်လျှောက်ကို အေအေက ထိန်း ချုပ်ထားကြောင်း၊ နယ်စပ်တစ်လျှောက် မည်သည့်အဖွဲ့အစည်း ထိန်းချုပ်ထားသည်ဖြစ်စေ ထိတွေ့ဆက် ဆံရမယ်လို့ သူက ဆိုပါတယ်။
“မြန်မာစစ်တပ်က နယ်စပ်ကို ပြန်ထိန်းချုပ်နိုင်ပြီဆိုရင် အရင်အတိုင်း ကျွန်တော်တို့ သူတို့နဲ့ ထိ တွေ့ဆက်ဆံပါမယ်” လို့ ခါလီလာရာမန်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက အေအေနဲ့ ထိတွေ့ဆက်ဆံနေကြောင်း ဧပြီလအတွင်း ထုတ်ဖော်ပြော ပြီးနောက် မြန်မာစစ်ကောင်စီက သံတမန်ရေးရာအရ ကန့်ကွက်ခဲ့ပါတယ်။
“အေအေက လက်ရှိမှာ နယ်စပ်တစ်လျှောက် ထိန်းချုပ်ထားတာဖြစ်လို့ ကျွန်တော်တို့ သူတို့နဲ့ ထိ တွေ့ဆက်ဆံရတာဖြစ်ပါတယ်။ ဒါက ပကတိအရှိတရားပါ” လို့ ၎င်းက ထောက်ပြပါတယ်။
ကုန်သွယ်ရေး၊ ရိုဟင်ဂျာအရေးတွေမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံခဲ့ပြီး မကြာသေးမီက မြန်မာစစ်ကောင်စီရဲ့ တောင်းဆိုချက်ကို မစောင့်ဆိုင်းဘဲ အကူအညီတွေ ပေးပို့ခဲ့တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – bdnews24.com
Ref; Khalilur shrugs off Myanmar’s concerns over Bangladesh’s contact with Arakan Army
#Ayeyarwaddy_Times