ဧရာဝတီတိုင်းမ်
မေ ၇ ရက်

ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် အမျိုးသမီးငယ် ကျောင်းသူနှစ်ဦးကို တရုတ်မယားပြုလုပ်ရန် စည်းရုံးခဲ့သည့် တရုတ်နိုင်ငံသားနှင့် စကားပြန်လင်မယားဖြစ်သူတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မဖြင့် ဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်လိုက်ကြောင်း ရဲ တပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်တွင် နေထိုင်သည့် ကျောင်းသူနှစ်ဦးကို တရုတ်အမျိုးသားတစ်ဦးနှင့် စကားပြန်လင်မယားနှစ်ဦးတို့မှ တရုတ်မယားအဖြစ် လက်ထပ် ထိမ်းမြားရန်စည်းရုံး ပြောဆိုသည့် ရုပ်သံဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

ယင်းသို့ပျံ့နှံ့ပြီးနောက် ၎င်းတို့ကို ဥပဒေနှင့်အညီ အရေးယူပေးရန် အမှုဖွင့်တိုင်တန်းချက်အရ ဖေဖော် ဝါရီ ၆ ရက်နေ့ကပင် ဒလရဲစခန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှသည်။

“ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံကို သွားဖို့လုပ်ထားတာ။ သူတို့က ရန်ကုန်လေဆိပ်လဝကကို ရောက်လာတဲ့အချိန်မှာ ဖမ်းဆီးရမိခဲ့တာ”ဟု ရဲတပ်ဖွဲ့နှင့်နီး စပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်မယားအဖြစ် စည်းရုံးပြောဆိုခဲ့သည့် စကား ပြန်ဖြစ်သည့် ဒလမြို့နေ အောင်ဇော်ဦး(ခ) ဟာမီဒူလာနဲ့ ဇနီး သီတာအောင်တို့ကို တွံတေးခရိုင်တရား ရုံး ရာဇဝတ်ကြီးမှု အမှတ် ၂၀/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံသားဖြစ်သူ Mr LUO FEI ဆိုသူကို တွံတေးခရိုင်တရားရုံး ရာဇဝတ်ကြီးမှု အမှတ် ၂၀/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချ မှတ်လိုက်ပြီး ဒလမြို့နယ်တရားရုံးကလည်း ရာဇဝတ်ကြီးမှု အမှတ် ၃၃/၂၀၂၅ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့၍ စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#ရန်ကုန် #ဒလ #တရုတ်မယား #စည်းရုံးသူ #တရုတ်အမျိုးသား #စကားပြန် #လင်မယား #ဖမ်းဆီး #ထောင်ချ #Ayeyarwaddy_Times