
ဧရာဝတီတိုင်းမ်
မေ ၇ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် မေလအစပိုင်းမှစတင်ပြီး စစ်ကောင်စီနှင့် အုပ်ချုပ်ရေးအဖွဲ့များက စက်သုံးဆီနှင့်ဆေးဝါးများကို အဓိကထားစစ်ဆေးဖမ်းဆီးနေကြောင်း ဒေသခံများထံက သိရသည်။
သာပေါင်း-မကျီးဇင် ကားလမ်းအနီးကျေးရွာများတွင် အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စက်သုံးဆီနှင့်ဆေးဝါးများပို့ဆောင်သည်ဟုဆိုကာ ယခုကဲ့သို့ ကန့်သတ်စစ်ဆေးနေကြောင်း သိရသည်။
“အဓိက ဒီဇယ်၊ ဓါတ်ဆီနဲ့ အိမ်သုံးဆေးဝါးတွေကို စစ်တာ။ စက်သုံးဆီကတင်မယ်ဆို မြို့နယ်ကမျှောစာပါမှရတယ်။ ဟိုရက်က ကုန်းလမ်းရောရေလမ်းရောပါ အကုန်စစ်ပြီးသိမ်းနေတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်းစစ်ဆေးရေးဂိတ်နှင့် သစ်ထုတ်လုပ်ရေးကုန်းတို့တွင် စစ်ကောင်စီတပ်နှင့်ရဲများမှ ကားနှင့်ဆိုင်ကယ်များကိုပါ တင်းကျပ်စွာစစ်ဆေးနေကြောင်း သိရှိရသည်။
ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်များတွင်လည်း အာရက္ခတပ်တော်AA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ ကုန်သယ်ယူခွင့်ကန့်သတ်ခြင်း၊ လုပ်ငန်းရှင်များကို ထောက်ပံသည်ဟု စွပ်စွဲကာဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
#သာပေါင်းမြို့နယ် #စက်သုံးဆီ #ဆေးဝါးများ #တင်းကျပ်စွာစစ်ဆေး #Ayeyarwaddy_Times