
ဧရာဝတီတိုင်းမ်
မေ ၇ ရက်
အမည်မဖော်နိုင်တဲ့ လေကြောင်းလှုပ်ရှားမှု တွေ့ရှိရပြီးနောက် ထိုင်းနိုင်ငံက မေလ ၆ ရက်မှာ မြန်မာနယ်စပ်တစ်လျှောက် ဂျက်တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့တယ်လို့ တော်ဝင်လေတပ်ဖွဲ့ ပြော ရေးဆိုခွင့်ရှိသူကို ကိုးကားပြီး Thai PBS သတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံအနောက်ပိုင်း၊ ကန်ချနဘူရီပြည်နယ်ရှိ မြန်မာနယ်စပ်အနီး အမည်မဖော်နိုင်တဲ့ လေ ယာဉ်တစ်စင်းကို ကြားဖြတ်ဟန့်တားဖို့ တော်ဝင်ထိုင်းလေတပ်ဖွဲ့ဟာ နာခွန်ဆာဝမ်ပြည်နယ်မှ F-16 ဂျက်တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့တယ်လို့ လေတပ်ချုပ် ပရာပတ်စ်ဆွန်ဂျိုင်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီး အမည်မဖော်နိုင်တဲ့ လေယာဉ်တစ်စင်း ပျံသန်းနေတာကို ရေဒါမှာ တွေ့ရှိပြီးနောက် ထိုင်းတော်ဝင်လေတပ်ဖွဲ့က အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ ဂျက်တိုက်လေယာဉ်တွေ စေလွှတ် ခဲ့တာလို့ Thai PBS သတင်းဌာနက ဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြီးခဲ့တဲ့လတွေအတွင်း မြန်မာစစ်တပ်ကို တိုက်ခိုက် လျက်ရှိရာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပဋိပက္ခ ပြင်းထန်နေစဉ် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပြီး ထိုင်းနိုင်ငံတွင်းသို့ ပဋိပက္ခ တွေ ပျံ့နှံ့လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၃၈၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
မြေငလျင်လှုပ်ခတ်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ဧပြီလ ၂ ရက်မှာ အပစ်အခတ်ရပ်စဲ ရေး ကြေညာခဲ့ပေမယ့် ဧပြီလ ၃၀ ရက်မှာ သဘောတူညီချက် သက်တမ်းကုန်ခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Thailand scrambles jets along Myanmar border amid unidentified air activity
#Ayeyarwaddy_Times