
ဧရာဝတီတိုင်းမ်
မေ ၆ ရက်
ရုပ်ရှင်လုပ်ငန်းကို ကာကွယ်ဖို့ အမေရိကန်နိုင်ငံပြင်ပမှာ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေအ ပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာ လိုက်ပါတယ်။
“အမေရိကမှာရှိတဲ့ ရုပ်ရှင်လုပ်ငန်းဟာ သေဆုံးလုနီးပါး အခြေအနေဖြစ်ပါတယ်။ အခြားတိုင်း ပြည်တွေဟာ အမေရိကန်နိုင်ငံမှ ရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ စတူဒီယိုတွေကို ဆွဲဆောင်ဖို့ မက်လုံးမျိုးစုံနဲ့ ကမ်းလှမ်းနေပါတယ်” လို့ ၎င်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ပြည်ပတိုင်းပြည်တွေမှာ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားအားလုံးကို စည်းကြပ်ခွန်ကောက်ဖို့ စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်တွေကို လုပ် ပိုင်ခွင့်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။
“အမေရိကမှာ ရုပ်ရှပ်ဇာတ်ကားတွေ ပြန်လည်ထုတ်လုပ်ဖို့ ကျွန်တော်တို့ လိုလားပါတယ်” လို့ ဒေါ်နယ်ထရမ့်က ရေးသားခဲ့ပါတယ်။
ပြည်ပမှာထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေအပေါ် စည်းကြပ်ခွန် ဘယ်လိုကောက်ခံမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ရုပ်ရှင်ဇာတ်ကားတွေဟာ အသိဉာဏမူပိုင်ခွင့်ဖြစ်ပြီး ကုန်စည်မဟုတ်တာကြောင့် စည်းကြပ်ခွန် ကောက်ခံလို့မရတဲ့ ဝန်ဆောင်မှုဖြစ်တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။
နာမည်ကျော် ရုပ်ရှင်ဇာတ်ကား Star Wars မှ ဓားတစ်ချောင်းကို ဒေါ်နယ်ထရမ့် ကိုင်ဆောင်ထား တဲ့ ဓာတ်ပုံတစ်ပုံကို အိမ်ဖြူတော်က လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Trump announces 100% tariff on movies produced outside US
#Ayeyarwaddy_Times