ဧရာဝတီတိုင်းမ်
မေ ၇ ရက်

စစ်တပ်ခေါင်းဆောင်ပိုင်းမှာ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးတွေကို ၂၀ ရာခိုင်နှုန်းထက်မ နည်း အရေအတွက် လျှော့ချဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပင်တဂွန်ကို ညွှန် ကြားလိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ အဆင့်မြင့် စစ်ဘက်အရာရှိကြီးတွေကို အရေးယူဖို့ ရည်ရွယ်တာမဟုတ်ဖူးလို့ ၎င်း က တနင်္လာနေ့မှာ လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးတွေကို အရေအတွက် လျှော့ချရတဲ့ရည်ရွယ်ချက်မှာ မဟာဗျူ ဟာမြောက် အသင့်ဖြစ်မှုနဲ့ စစ်ဆင်ရေး ထိရောက်မှုကို အကောင်းဆုံးအသုံးချဖို့ဖြစ်တယ်လို့ သူက ဆိုပါ တယ်။

အမေရိကန်စစ်တပ်မှာ လက်ရှိ ကြယ်လေးပွင့်အဆင့် သို့မဟုတ် အဆိုပါအဆင့်နဲ့ညီမျှတဲ့ ဗိုလ် ချုပ်ကြီး ၄၄ ဉီးအထိ ရှိတယ်လို့ Pete Hegseth က ဆက်ပြောပါတယ်။

အခြားဖြစ်နိုင်ချေ ရွေးချယ်မှုတွေထဲမှာ အာဖရိကနဲ့ ဉရောပတိုက်ကို ကြီးကြပ်ရတဲ့ စစ်ဌာနချုပ် တွေကို ပေါင်းစည်းဖို့လည်း ပါဝင်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

DOGE လို့ လူသိများတဲ့ အစိုးရဌာနများ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာနရဲ့ ဖက်ဒရယ်အသုံးစ ရိတ် ဖြတ်တောက်ဖို့ တွန်းအားပေးနေစဉ် အမေရိကန်စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးတွေအရေအတွက် လျှော့ချ ဖို့ စီစဉ်လာတာပါ။

ကိုးကား – NHK
Ref; Hegseth orders 20% cut in number of US military’s four-star generals

#Ayeyarwaddy_Times