
ဧရာဝတီတိုင်းမ်
မေ ၆ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနဲ့ ကြားခံစစ်ပွဲ ဆင်နွှဲမှာမဟုတ်ဖူးလို့ အမျိုးသားလုံခြုံရေးအကြံ ပေး ခါလီဖာရာမန်က ပြောကြားလိုက်ပါတယ်။
တနင်္ဂနွေနေ့က ဒါကာမြို့တော်ရှိ ဘင်္ဂလားဒေ့ရှ် ပရော်ဖက်ရှင်နယ်တက္ကသိုလ်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ သူက အခုလို ပြောကြားခဲ့တာပါ။
“အမေရိကကိုယ်စား ကျွန်တော်တို့က ကြားခံစစ်ပွဲ ဆင်နွှဲရင် ထိခိုက်နစ်နာသူက ဘယ်သူလဲ?။ တရုတ်နိုင်ငံလား?” လို့ ၎င်းက ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ ဒါကာမြို့တော်ခရီးစဉ်ပြီးနောက် ခါလီ ဖာက ဧပြီလ ၈ ရက်မှာ လူသားချင်းစာနာမှုစင်္ကြံစိတ်ကူးကို အကြံပြုခဲ့တာပါ။
အဆိုပြုထားတဲ့ လူသားချင်းစာနာမှုလမ်းကြောင်း ထူထောင်ရေးအစီအစဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင် ငံရဲ့ အခန်းကဏ္ဍကို ဖေဖော်ဝါရီလ ၇ ရက်က နယူးယောက်မြို့မှာ အန်တိုနီယိုဂူတာရက်စ်နဲ့ ပထမဆုံး ဆွေးနွေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စာနာမှု အကူအညီပေးရေးစင်္ကြံ ထူထောင်ရေးမှာ ကုလသမဂ္ဂအဖွဲ့ ပါဝင်လာ ရင် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာအစိုးရတွေရဲ့ ခွင့်ပြုချက် လိုအပ်မယ်လို့ ဒါကာမြို့တော်ရှိ ကုလသမဂ္ဂရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာပြည်တွင်းစစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆွဲထည့်နေတယ်ဆိုတဲ့ ကောလာဟလတွေကို ခါ လီဖာက ပယ်ချခဲ့ပါတယ်။
“လူသားချင်းစာနာမှုစင်္ကြံ ထူထောင်ရေးမှာ ကျွန်တော်တို့ ဘယ်အဖွဲ့အစည်းနဲ့မှ သဘောတူညီမှု မရရှိသေးပါဘူး” လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – BSS News
Ref; Bangladesh will not engage in proxy war with Myanmar, says Security Advisor Khalilur
#Ayeyarwaddy_Times