ဧရာဝတီတိုင်းမ်
မေ ၆ ရက်

ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံ နှစ်ဦးသည် ယခု မေလ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ထိုင်းအစိုးရထီ အမြင့်ဆုံးဆုဖြစ်သည့် ဘတ် ၆ သန်းဆု ပေါက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းတွင်နေထိုင်သူ အဆိုပါ ဇနီးမောင်နှံနှစ်ဦးသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ် လုပ်ကိုင် သည်မှာ နှစ် နှစ်ဝန်းကျင်သာရှိသေးပြီး ဆုငွေထုတ်ယူရေးအတွက် ထိုင်းရောက်မြန်မာ လုပ်သား အရေးကူညီဆောင်ရွက်ပေးနေသည့် M.H.A.C မဟာမိတ်ကိုရဲမင်းအဖွဲ့ကို ဆက်သွယ်ခဲ့ ပြီးနောက် ရုံးအဖွဲ့မှ ယနေ့မေ ၆ ရက်နေ့တွင်ပင် နေ့ချင်းပြီးဆုငွေထုတ်ယူပေးခဲ့ ကြောင်းသိရသည်။

“သူတို့လင်မယားက တကယ့်ကိုပင်ပန်းတဲ့အလုပ်ဖြစ်တဲ့ ပန်းရံလုပ် နေကြတဲ့သူတွေဖြစ်တယ်။ မိသားစုသုံး ယောက်ရှိပြီး သားလေးက ထီထိုးပေးခဲ့တာလို့သိရတယ်” ဟု အေအေစီကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ထီဆုကို မြန်မာ ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် လစဉ်နီးပါး ကံထူးလေ့ရှိပြီး အလိမ်မခံရရန် နှင့် အခြားအခက်အခဲများမရှိ စေရန် M.H.A.C မဟာမိတ်ကိုရဲမင်းအဖွဲ့ကို ဆက်သွယ်ကာ ဆုကြေးငွေ ထုတ်ယူလေ့ရှိကြောင်း သိရသည်။

M.H.A.C မဟာမိတ်အဖွဲ့အနေဖြင့် ထိုင်းထီ ဘတ် ၆ သန်းဆုပေါက်သည့် ထိုင်းရောက်မြန်မာ အလုပ်သမားများကို ဆုကြေးငွေ ကူညီထုတ်ယူပေးနေသည်မှာ ယခုအကြိမ်နှင့်ဆိုပါက နှစ်စောင်တွဲ ကံထူးရှင် ခုနစ် ဦး အပါအဝင် ကံထူးရှင် ၅၇ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
#ထိုင်းထီ #ကံထူး #မြန်မာရွှေ့ပြောင်းအလုပ်သမား #MHAC #Ayeyarwaddy_Times