
ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်
စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောချစ်သူအပါအဝင် သားနှစ်ဦးဖြစ်သူ စောထူးအယ်မူးနှင့် စောချစ်ချစ်တို့ကို မေ ၅ ရက်နေ့တွင် အမေရိကန်ဘဏ္ဍာရေးဌာနက အရေးယူပိတ်ဆို့လိုက်ကြောင်းသိရသည်။
အွန်လိုင်းလိမ်လည်မှု၊လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာပြစ်ကျူးလွန်နေပြီး မှောင်ခိုလုပ်ငန်းများတွင်ငွေကြေးထောက်ပံ့မှုများပြုလုပ်နေကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်သည်။
မြန်မာ – ထိုင်းနယ်စပ်တစ်လျှောက်နှင့် ရွှေက္ကိုလ်တွင် အွန်လိုင်းလိမ်လည်မှုအခြေစိုက်စခန်များတည်ရှိပြီး မြန်မာစစ်တပ်နှင့်ဆက်နွယ်ပြီး ပြစ်မှုများပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
မြန်မာနိုင်ငံမှ အွန်လိုင်းလိမ်လည်မှုများကြောင့် victims များ၏ စုဆောင်းငွေများဆုံးရှုံးရသဖြင့် ယင်းကဲ့သို့မှုခင်းအဖွဲ့အစည်းများကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရကြောင်း Treasury Deputy Secretary Michael Faulkner က ဆိုသည်။
အဆိုပါအရေးယူမှုတွင် အမေရိကန်ပြည်နှင့်အမေရိကန်ထိန်းချုပ်မှုအောက်ရှိ ၎င်းတို့၏ပိုင်ဆိုင်မှုများပါဝင်ပြီး နှီးနွယ်လုပ်ဆောင်နေသူများလည်းပိတ်ဆို့ခံရနိုင်ကြောင်းဖော်ပြထားသည်။
ပြီးခဲ့သည့် လပိုင်းများတွင် အွန်လိုင်းလိမ်လည်မှုအခြေစိုက်ရာစခန်းများမှာ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားသောင်းနှင့်ချီ၍ပြန်လွတ်လာကြောင်းသိရသည်။
ဓာတ်ပုံ – JFM , လူမှုကွန်ရက်
#BGFခေါင်ဆောင် #စောချစ်သူ #KNAခေါင်းဆောင် #အမေရိကန်အရေးယူ #သားအဖ၃ဦး #Ayeyarwaddy_Times